• Follow Us on
Latest News

Home လဝကဝန်ကြီးနှင့် UNFPA တို့တွေ့ဆုံ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဆွေးနွေး

လဝကဝန်ကြီးနှင့် UNFPA တို့တွေ့ဆုံ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrish nan နှင့်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြီးခဲ့သည့်ဇူလိုင်လက ဝန်ကြီးဌာနနှင့် UNFPA ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး မှုအပေါ် ညှိနှိုင်းခဲ့သည့် လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လူဦးရေနေအိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ UNFPA ရုံးချုပ်၏ သဘောထားပြန်ကြားချက်အပေါ် ဝန်ကြီးဌာနအနေဖြင့် သုံးသပ်ဆောင်ရွက်မှု၊ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် ခန့် အပ်နိုင်ရေးအတွက် အမည်စာရင်းပေးပို့ထားမှုအပေါ် ဝန်ကြီးဌာန၏သဘောထားပြန်ကြားထားမှု၊ ဝန်ကြီး ဌာနနှင့် UNFPA တို့အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များတွင် နှစ်ကာလရှည် ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့မှုနှင့် လက်ရှိအခြေအနေတွင် ဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

#PeopleMedia


Share this post