• Follow Us on
Latest News

Home လဝကဝန်ကြီးနှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့တွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ

လဝကဝန်ကြီးနှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့တွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် ဝန်ကြီးဌာနနှင့် UNDP- UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေး ထိုးဆောင်ရွက်ခဲ့မှု၊ ယင်း MoU မူဘောင်အရ UNDP-UNHCR တို့အကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း သတ်မှတ်ထားသည့်ဒေသများ၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေ၊ အဆိုပြုထားသည့်ဒေသများ၌ စီမံချက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝန်ကြီး ဌာနအနေဖြင့် အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းစီမံဆောင်ရွက်ထားရှိမှု၊ မိမိတို့၏ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ မဖြစ်မြောက်စေရေးအတွက် ဟန့်တားနှောင့်ယှက်နေမှုများအပေါ် UNHCR မှ နားလည်သိရှိနိုင် ရေးအခြေအနေ၊ လက်ရှိနယ်မြေဒေသ လုံခြုံရေးအခြေအနေအရ လုပ်ငန်းများဆောင်ရွက်ရန် အကန့်အသတ်ရှိ မှုနှင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNHCR ၏ ဒေသခန့်ဝန်ထမ်းများ ခန့်အပ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနသို့ အသိပေးတင်ပြနိုင်ရေးအခြေအနေ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post