• Follow Us on
Latest News

Home လသာမြို့နယ်တွင် ကုမ္ပဏီဝန်ထမ်း ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

လသာမြို့နယ်တွင် ကုမ္ပဏီဝန်ထမ်း ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ ဖက်တီးမ ထမင်း ကြော်ဆိုင်တွင် ယမန်နေ့ ည ၁၀ နာရီအချိန်က ကုမ္ပဏီဝန်ထမ်း ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုဉာဏ်လွင်အေးသည် လသာမြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ ဖက်တီးမထမင်းဆိုင်တွင် ထမင်းကြော်စားနေစဉ် လွယ်အိတ်လွယ်ပြီး လမ်းလျှောက်လာသူ အမျိုးသား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ကိုဉာဏ်လွင် အေးတွင်ဝဲဘက်နားထင် ကျည် ဖောက်ဝင်(စိုးရိမ်ရ) ဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

အခင်းဖြစ်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အမေရိကန်ထုတ် ၉ မမကျည်ခွံး ၃ ခုကိုတွေ့ရှိခဲ့ပြီး၊ သေနတ်သမားအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post