လာမည့်ရွေးကောက်ပွဲသည် ၂၀၂၀ တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန် လည်ဆယ်တင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား
PUBLISHED - February 6, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၆
လာမည့်ရွေးကောက်ပွဲသည် သာမန်အထွေထွေရွေးကောက်ပွဲနှင့်မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက် သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်သည့် ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ယမန်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပဉ္စမမြောက် ရှေ့လုပ်ငန်းစဉ်တွင်ပါဝင်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် သာမန်အထွေ ထွေရွေးကောက်ပွဲနှင့်မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်သည့် ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူ ရမည့် ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြောသည်။
ကော်မရှင်က လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ပါတီများကို ဥပဒေနှင့်အညီ ကူညီ ရေး၊ ထိန်းကျောင်းရေး၊ မဲဆန္ဒရှင်များကို မီဒီယာမှတစ်ဆင့် ပညာပေး လှုံ့ဆော်ရေးအလုပ်များကိုလုပ်ရ ကြောင်း၊ ပါတီများက မဲဆန္ဒရှင်များကို ဟောပြောစည်းရုံးရေး၊ အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်လျာထားရေးတို့အား ဆောင်ရွက်ကြရကြောင်း၊ မဲဆန္ဒရှင်များကလည်း မိမိတို့၏ ဥပဒေပါ အခွင့်အရေးမဆုံးရှုံးရအောင် မပျက်မကွက်မဲပေးရေး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုးသယ်ပိုးမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဆန္ဒပြုရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဓိကမောင်းနှင် အားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအပြင် အချိန်တန်သည့်အခါ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များကို စိစစ်ဖွဲ့စည်းရန်၊ လေ့ကျင့်ပညာပေးရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ၏ အသက်သည် မဲစာရင်းဖြစ်ပါကြောင်း၊ မဲ စာရင်းမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ ပေးပို့လာသည့် ပုံစံ(၆၆/၆)ပါ စာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရရှိသည့် မြေပြင် စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ကွန်ပျူတာထည့်သွင်းသည့်လုပ်ငန်းကို အမှားအယွင်းမရှိအောင် လုပ်ဆောင် ကြရန်လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေများသည်လည်း မဲစာရင်းကဲ့သို့ အရေးကြီးကြောင်း၊ အတည်မပြုရ သေးသည့် ဥပဒေများကို အမြန်ဆုံးအတည်ပြုနိုင်ရေး ဆောင်ရွက်ပြီး နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ပြီးပါက ကော်မရှင်အဖွဲ့ခွဲများကို ဖြန့်ဝေခြင်း၊ ပါတီများ အားပေးပို့ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကို လေ့လာနိုင်အောင် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
#PeopleMedia