• Follow Us on
Latest News

Home လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောဆို

လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

လာမည့်အောက်တိုဘာ ၁ ရက် မှစ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့တွင် ကျင်းပ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောဆိုသည်။

 

နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံအတွက်အကျည်းတန် သည့် ကိစ္စရပ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယင်းကိုသင်ခန်းစာယူရမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းများ အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်လိုကြောင်းဖြင့် ပြောဆိုသည်။

 

မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင်  ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူခဲ့ ကြောင်း၊ နိုင်ငံတကာစံချိန် စံနှုန်းများအရ ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူလေ့ရှိကြောင်း၊ ထိုသို့သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် မဲစာရင်း မှန်ကန်မှုအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အချက် အလက်များကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်သန်း ခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post