လာမည့်ရက်အတွင်း၌ ဘင်္ဂါလီများ မြန်မာနိုင်ငံ ပြန်ပို့ရန် နှစ်ဖက်အစိုးရ သဘောတူညီမှုရရှိ

PUBLISHED - August 16, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံလျက်ရှိတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်ဖက်အစိုးရကြား သဘောတူညီချက်ရရှိထားပြီဖြစ်ပါတယ်။
လာမယ့် သီတင်းပတ်မှာ ထောင်နဲ့ချီတဲ့ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို စတင်ပြန်ပို့သွားမှာဖြစ်ပါတယ်။
ပထမအကြိမ် ပြန်ပို့မယ့် ဘင်္ဂါလီအရေအတွက်ဟာ စုစုပေါင်း ၃၅၄၀ ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို ပေးပို့ထားတဲ့ လူဦးရေ ၂၂၀၀၀ က မြန်မာအစိုးရဘက်က လက်ခံနိုင်တဲ့အရေအတွက်ကို ပထမဦးဆုံးအသုတ်အနေနဲ့ လာမယ့် သီတင်းပတ်အတွင်း ပြန်ပို့သွားမှာဖြစ်ပါတယ်။
“ လူဦးရေ ၃၅၄၀ ကို သြဂုတ် ၂၂ ရက်နေ့မှာ လက်ခံသွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ပြီးပါပြီ” လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သူ က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးကတော့ အခုတစ်ကြိမ်ပြန်ပို့မှုဟာ ပမာဏအနည်းငယ်သာဖြစ်ပြီး ဘယ်သူ့ကိုမှ အတင်းအကျပ်ပြန်ပို့တာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref; dhakatribune.com