လာမည့်သီတင်းပတ်တွင် တာလီဘန်များနှင့် ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်ပြော

PUBLISHED - November 25, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅ (People Media)
အကြမ်းဖက်ဆန့်ကျင်ရေး၊ လူသားချင်းစာနာထောက်ထားမှုပြဿနာများ ကိုင်တွယ်ဆောင်ရွက်ရေးှင့်အတူ လာမည့်သီတင်းပတ်တွင် ကာတာနိုင်ငံ၌ တာလီဘန်များနှင့် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေ ရိကန်အစိုးရကပြောကြားလိုက်သည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အာဖဂန်နစ္စတန်ဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် တွမ်ဝက်စ်က ဦး ဆောင်မည်ဖြစ်ပြီး နှစ်ပတ်ကြာဆွေးနွေးပွဲကျင်းပသွားရန် စီစဉ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ်နက်ဒ်ပရိုက်စ်က နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောသည်။
နှစ်ဘက်ကိုယ်စားလှယ်များသည် အိုက်အက်စ်အဖွဲ့နှင့် အယ်ကိုင်ဒါအဖွဲ့တို့အပေါ် တန်ပြန်အကြမ်းဖက်တိုက် ဖျက်မှုစစ်ဆင်ရေးများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ၊ ပြိုလဲပျက်စီးနေသည့်အာဖဂန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ အမေရိကန်နိုင်ငံသားများနှင့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ပြည်ထောင် စုအတွက်အလုပ်လုပ်ပေးခဲ့သည့် အာဖဂန်နိုင်ငံသားများ အာဖဂန်နစ္စတန်မှ ဘေးကင်းလုံခြုံစွာထွက်ခွာသွားနိုင် ရေးတို့အပါအဝင် အရေးကြီးသောအမျိုးသားအကျိုးစီးပွားကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။
အနောက်နိုင်ငံများအုပ်စုသည် အာဖဂန်နစ္စတန်တွင် သြဂုတ်လက အာဏာသိမ်းပိုက်ခဲ့သည့် သဘောထားတင်း မာသောအစ္စလာမ်မစ်အုပ်စုမှကိုယ်စားလှယ်များနှင့် လွန်ခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်းက ပါကစ္စတန်နိုင်ငံ တွင် တွေ့ဆုံခဲ့သည်။ ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုကို အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ကာ တာနိုင်ငံမြို့တော် ဒိုဟာတွင် ကျင်းပခဲ့သည်။
အမေရိကန်၏ ဘဏ္ဍာရေးအကူအညီနှင့် သံတမန်ရေးရာထောက်ပံ့မှုတို့ကို လက်ခံရန်၊ အကြမ်းဖက်မှုကို တိုက် ဖျက်ရန်၊ အားလုံးပါဝင်သည့်အစိုးရတစ်ရပ်ဖွဲ့စည်းရန်၊ လူနည်းစုများ/ အမျိုးသမီးများ/ မိန်းကလေးများ၏ အခွင့် အရေးကိုလေးစားရန်နှင့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့ကို သာတူညီမျှထောက်ပံ့ရန် အမေရိကန် တို့၏တောင်းဆိုချက်များကို အနောက်နိုင်ငံအုပ်စုက လွန်ခဲ့သည့်သောကြာနေ့က ထပ်လောင်းပြောကြားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် တာလီဘန်များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာကူညီမှုများကိုသာ ထောက်ပံ့ပေးအပ်နေကြောင်း နက်ဒ်ပရိုက်စ်ကပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုသော တာလီဘန်အစိုးရနိုင်ငံခြားရေးဝန်ကြီး အေမီယာခန်း မတ် တာကီက “အမေရိကန်အစိုးရကပိတ်ထားသော အာဖဂန်အစိုးရ၏ငွေကြေးများ” အား ပြန်လည်ထုတ်ယူခွင့်ပေး ရန် လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးအပ်ခဲ့သည်။
Ref: US Says It Will Resume Talks With Taliban Next Week
#PeopleMedia
(unicode)
……………………………………………………………….
Ref: US Says It Will Resume Talks With Taliban Next Week
#PeopleMedia