လာမည့္ေရြးေကာက္ပြဲသည္ ေရကုန္ေရခမ္းလုပ္ရမည့္ပြဲျဖစ္၊ ဒီတစ္ႀကိမ္မွမႏုိင္ရင္ ေနာက္ဘယ္ေတာ့မွ ျပန္ တက္လာဖုိ႔ စိတ္မကူးနဲ႔ဟု ျပည္ခုိင္ၿဖိဳးပါတီဥကၠဌဆုိ

PUBLISHED - January 22, 2020
ရန္ကုန္၊ ဇန္နဝါရီ – ၂၂
လာမည္ေရြးေကာက္ပြဲသည္ ေရကုန္ေရခမ္းလုပ္ရမည့္ပြဲျဖစ္၊ ဒီတစ္ၾကိမ္မွမႏုိင္ရင္ ေနာက္ဘယ္ေတာ့မွ ျပန္ တက္လာဖုိ႔ စိတ္မကူးနဲ႔ဟု ျပည္ခုိင္ၿဖိဳးပါတီဥကၠဌ ဦးသန္းေဌးက ေျပာဆုိလုိက္ပါတယ္။
ဇန္နဝါရီ(၂၂)ရက္၌ ပဲခူးတုိင္း၊ ျပည္ၿမိဳ႕ရွိ ျပည္ခုိင္ၿဖိဳးပါတီ႐ုံး၌ ျပည္ခုိင္ၿဖိဳးပါတီေခါင္းေဆာင္မ်ားႏွင့္ ပါတီဝင္မ်ား ေတြ႕ဆုံမႈ၌ ေျပာဆုိလုိက္တာလည္း ျဖစ္ပါတယ္။
“လာမယ့္ေ႐ြးေကာက္ပြဲဟာ အားလုံးသိၾကတဲ့အတုိင္း ေရကုန္ေရခမ္းလုပ္ရမည့္ပြဲပါဘဲ။ ဒီတစ္ႀကိမ္ဟာ အဆုံးအျဖတ္ပဲ။ ဒီတစ္ႀကိမ္မွ မႏုိင္ရင္လည္းပဲ ေနာင္ဘယ္ေတာ့မွ ျပန္တက္လာဖုိ႔ စိတ္မကူးနဲ႔ေတာ့” ျပည္ခုိင္ၿဖိဳးပါတီဥကၠဌက ေျပာပါတယ္။
ပါတီေအာင္ႏုိင္ေရးသည္ လူငယ္အပါအဝင္ပါတီဝင္တုိင္း တာဝန္ရွိေၾကာင္း ေျပာဆုိခဲ့တာလည္း ျဖစ္ပါတယ္။
Photo – USDP
#PeopleMedia #USDP #Political
(Unicode)
လာမည့်ရွေးကောက်ပွဲသည် ရေကုန်ရေခမ်းလုပ်ရမည့်ပွဲဖြစ်၊ ဒီတစ်ကြိမ်မှမနိုင်ရင် နောက်ဘယ်တော့မှ ပြန် တက်လာဖို့ စိတ်မကူးနဲ့ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌဆို
……………………………………………………………
ရန်ကုန်၊ ဇန်နဝါရီ – ၂၂
လာမည်ရွေးကောက်ပွဲသည် ရေကုန်ရေခမ်းလုပ်ရမည့်ပွဲဖြစ်၊ ဒီတစ်ကြိမ်မှမနိုင်ရင် နောက်ဘယ်တော့မှ ပြန် တက်လာဖို့ စိတ်မကူးနဲ့ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ(၂၂)ရက်၌ ပဲခူးတိုင်း၊ ပြည်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ တွေ့ဆုံမှု၌ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
“လာမယ့်ရွေးကောက်ပွဲဟာ အားလုံးသိကြတဲ့အတိုင်း ရေကုန်ရေခမ်းလုပ်ရမည့်ပွဲပါဘဲ။ ဒီတစ်ကြိမ်ဟာ အဆုံးအဖြတ်ပဲ။ ဒီတစ်ကြိမ်မှ မနိုင်ရင်လည်းပဲ နောင်ဘယ်တော့မှ ပြန်တက်လာဖို့ စိတ်မကူးနဲ့တော့” ပြည်ခိုင်ဖြိုးပါတီဥက္ကဌက ပြောပါတယ်။
ပါတီအောင်နိုင်ရေးသည် လူငယ်အပါအဝင်ပါတီဝင်တိုင်း တာဝန်ရှိကြောင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
Photo – USDP
#PeopleMedia #USDP #Political