• Follow Us on
Latest News

Home လာမည့္ႏွစ္တြင္ ဘဂၤါလီမ်ားေနရပ္ျပန္ေရးလုပ္ငန္းစဥ္စတင္ေစခ်င္ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးေျပာ

လာမည့္ႏွစ္တြင္ ဘဂၤါလီမ်ားေနရပ္ျပန္ေရးလုပ္ငန္းစဥ္စတင္ေစခ်င္ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးေျပာ

Share this post

ဒါကာ၊ ဒီဇင္ဘာ ၂၄

ရခိုင္ျပည္နယ္သို႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား ေနရပ္ျပန္ေရးလုပ္ငန္းစဥ္မ်ားကိုေထာက္ခံေနၿပီး လာမည့္ႏွစ္တြင္ ေနရပ္ျပန္ေရးစတင္ေစခ်င္ေၾကာင္း ဘဂၤါလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာဂ်ပန္သံအမတ္ႀကီး အီတို နာအိုကီက ၾကာသပေတးေန႔တြင္ေျပာသည္။

ဘဂၤါလီအၾကပ္အတည္း ေရ႐ွည္ေျဖ႐ွင္းခ်က္အတြက္ ထိုလုပ္ငန္းစဥ္သည္ အလြန္အေရးႀကီးေၾကာင္းလည္း သူကေျပာသည္။

ျမန္မာသည္လည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံကဲ့သို႔ပင္ ဂ်ပန္ႏိုင္ငံ၏႐ိုးရာမိတ္ဖက္မ်ားျဖစ္ၿပီး ႏွစ္ႏိုင္ငံစလံုးအေပၚျပင္း ျပင္းျပျပစိတ္၀င္စားမႈ႐ွိေၾကာင္းလည္း ေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ရခိုင္ျပည္နယ္မွထြက္ေျပးလာေသာဘဂၤါလီ ၁၁ သိန္း႐ွိေနသည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ေနရပ္ျပန္ေရးလုပ္ငန္းစဥ္မ်ားစတင္ရန္ ၂ ႏိုင္ငံသေဘာတူစာခ်ဳပ္မ်ား လက္မွတ္ေရး ထိုးခဲ့ၿပီး ၂ ႀကိမ္တိုင္တိုင္လုပ္ငန္းစခဲ့သည္။

သို႔ေသာ္ ျမန္မာဘက္ကို အယံုအၾကည္မရွိဟုဆိုကာ တရား၀င္လမ္းေၾကာင္းမွ ဘဂၤါလီမ်ားျပန္လည္၀င္ ေရာက္လာျခင္းမ႐ွိဘဲ မိမိသေဘာအရျပန္လာသူရာဂဏန္းသာ႐ွိေနသည္။

Ref : Japan wants start of Rohingya repatriation process next year Naoki

#PeopleMedia

(unicode)
လာမည့်နှစ်တွင် ဘင်္ဂါလီများနေရပ်ပြန်ရေးလုပ်ငန်းစဉ်စတင်စေချင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးပြော
……………………………………………………..

ဒါကာ၊ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ နေရပ်ပြန်ရေးလုပ်ငန်းစဉ်များကိုထောက်ခံနေပြီး လာမည့်နှစ်တွင် နေရပ်ပြန်ရေးစတင်စေချင်ကြောင်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး အီတို နာအိုကီက ကြာသပတေးနေ့တွင်ပြောသည်။

ဘင်္ဂါလီအကြပ်အတည်း ရေရှည်ဖြေရှင်းချက်အတွက် ထိုလုပ်ငန်းစဉ်သည် အလွန်အရေးကြီးကြောင်းလည်း သူကပြောသည်။

မြန်မာသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ပင် ဂျပန်နိုင်ငံ၏ရိုးရာမိတ်ဖက်များဖြစ်ပြီး နှစ်နိုင်ငံစလုံးအပေါ်ပြင်း ပြင်းပြပြစိတ်ဝင်စားမှုရှိကြောင်းလည်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်ပြည်နယ်မှထွက်ပြေးလာသောဘင်္ဂါလီ ၁၁ သိန်းရှိနေသည်။

ပြီးခဲ့သည့်နှစ်များအတွင်း နေရပ်ပြန်ရေးလုပ်ငန်းစဉ်များစတင်ရန် ၂ နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေး ထိုးခဲ့ပြီး ၂ ကြိမ်တိုင်တိုင်လုပ်ငန်းစခဲ့သည်။

သို့သော် မြန်မာဘက်ကို အယုံအကြည်မရှိဟုဆိုကာ တရားဝင်လမ်းကြောင်းမှ ဘင်္ဂါလီများပြန်လည်ဝင် ရောက်လာခြင်းမရှိဘဲ မိမိသဘောအရပြန်လာသူရာဂဏန်းသာရှိနေသည်။

Ref : Japan wants start of Rohingya repatriation process next year Naoki

#PeopleMedia


Share this post