• Follow Us on
Latest News

Home လာမည့္ႏွစ္ပတ္သုံးပတ္အတြင္း ရန္ကုန္တိုင္း၌ COVID-19 ေရာဂါထိန္းခ်ဳပ္ႏိုင္မည့္အေျခအေနရွိႏိုင္ေၾကာင္း ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ေျပာဆို

လာမည့္ႏွစ္ပတ္သုံးပတ္အတြင္း ရန္ကုန္တိုင္း၌ COVID-19 ေရာဂါထိန္းခ်ဳပ္ႏိုင္မည့္အေျခအေနရွိႏိုင္ေၾကာင္း ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ေျပာဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၆

ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ လာမည့္ႏွစ္ပတ္သုံးပတ္အတြင္း COVID-19 ေရာဂါထိန္းခ်ဳပ္ႏိုင္မည့္ အေျခအေနရလာႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးတြင္ စက္တင္ဘာလ (၁၅)ရက္ေန႔တြင္ ဝန္ႀကီးခ်ဳပ္ႏွင့္ မီဒီယာအခ်ိဳ႕ႏွင့္ ေတြ႕ဆုံပြဲ၌ ဝန္ႀကီးခ်ဳပ္က အထက္ပါအတိုင္း ေျပာဆိုခဲ့သည္။

“ကြၽန္ေတာ္တို႔တိုင္းအတြင္းမွာ ျပည္သူေတြရဲ႕ ပူးေပါင္းပါ၀င္မႈဟာ အင္မတန္အေရးႀကီးပါတယ္။ ျပည္သူပါ၀င္ ပူးေပါင္းမႈေတြ ရွိလာတဲ့အတြက္ လာမယ့္ႏွစ္ပတ္သုံးပတ္ေလာက္မွာ ကိုဗစ္ေရာဂါနဲ႔ပတ္သက္ၿပီး ထိန္း ခ်ဳပ္ႏိုင္တဲ့ အေျခအေနတစ္ခုကို ရလာမယ္လို႔ ယုံၾကည္ပါတယ္၊ ဒီအေျခအေနအတြက္လည္း ျပည္သူ တစ္ရက္လုံးက ပူးေပါင္းကူညီေဆာင္ရြက္ေပးပါလို႔ တိုက္တြန္းလိုပါတယ္”ဟု ၀န္ႀကီးခ်ဳပ္က ေျပာသည္။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ၫြန္ၾကားထားသည့္အတိုင္း Stay at Home အစီစဉ္မ်ားကိုလည္း တိတိက်က် လိုက္နာရန္ လိုအပ္ေၾကာင္း၊ အျပင္ကို ထြက္ပါကလည္း လက္ေဆးျခင္း၊ အကာအကြယ္မ်ား တပ္ဆင္ျခင္း၊ Mask တပ္ဆင္ျခင္း စသည္တို႔ကို ျပည္သူမ်ား လိုက္နာေဆာင္ရြက္ပါက တိုင္းေဒသႀကီး အတြင္းမွာ ကူးစက္ေရာဂါကို ထိန္းခ်ဳပ္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း၀န္ႀကီး ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

လက္ရွိ ဒဂုံဆိပ္ကမ္းတြင္ရွိသည့္ ႐ိုးမရိပ္သာတြင္ Quarantine ထားရွိသူ (၁၂၀၆)ဦးႏွင့္ အတည္ျပဳလူနာ (၂၇၂) ဦးကိုလည္း ထားရွိကာ ကုသေပးေနၿပီး၊ ထပ္မံၿပီးလည္း လူဦးေရ (၁၇၀၀)ေက်ာ္ လက္ခံ ထားႏိုင္ေရးအတြက္ ျပင္ဆင္ေဆာင္ရြက္ေနသလို လိူင္ Quarantine Centre ကိုလည္း အတည္ျပဳလူနာမ်ားပါ ထားရွိႏိုင္ရန္ စီစဉ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္က ဆိုသည္။

ဒါျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း Quarantine Centre ႏွင့္ ကုသေရးဌာနမ်ားကိုလည္း တိုးခ်ဲ႕ထားၿပီး ျဖစ္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ မစိုးရိမ္ၾကရန္အတြက္လည္း အသိေပးေျပာၾကားလိုေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ Quarantine Centers (၃၁)ခု၊ Hotel Quarantine (၄၁)ခု၊ ကုသေရး အတြက္ ေဝဘာဂီေဆး႐ုံမွာ (၆၇)ဦး၊ ေတာင္ဥကၠလာပေဆး႐ုံတြင္ (၄၂)ဦး၊ ေဖာင္ႀကီး ကုသေရး စင္တာမွာ (၈၄၃)ဦး တက္ေရာက္ကုသလ်က္ရွိသည္။

#PeopleMedia #COVID19 #ရန္ကုန္တိုင္းအစိုးရအဖြဲ႕

(unicode)
လာမည့်နှစ်ပတ်သုံးပတ်အတွင်း ရန်ကုန်တိုင်း၌ COVID-19 ရောဂါထိန်းချုပ်နိုင်မည့်အခြေအနေရှိနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောဆို
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လာမည့်နှစ်ပတ်သုံးပတ်အတွင်း COVID-19 ရောဂါထိန်းချုပ်နိုင်မည့် အခြေအနေရလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် မီဒီယာအချို့နှင့် တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့တိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန်အရေးကြီးပါတယ်။ ပြည်သူပါဝင် ပူးပေါင်းမှုတွေ ရှိလာတဲ့အတွက် လာမယ့်နှစ်ပတ်သုံးပတ်လောက်မှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ထိန်း ချုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ရလာမယ်လို့ ယုံကြည်ပါတယ်၊ ဒီအခြေအနေအတွက်လည်း ပြည်သူ တစ်ရက်လုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွန်ကြားထားသည့်အတိုင်း Stay at Home အစီစဉ်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း၊ အပြင်ကို ထွက်ပါကလည်း လက်ဆေးခြင်း၊ အကာအကွယ်များ တပ်ဆင်ခြင်း၊ Mask တပ်ဆင်ခြင်း စသည်တို့ကို ပြည်သူများ လိုက်နာဆောင်ရွက်ပါက တိုင်းဒေသကြီး အတွင်းမှာ ကူးစက်ရောဂါကို ထိန်းချုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိ ဒဂုံဆိပ်ကမ်းတွင်ရှိသည့် ရိုးမရိပ်သာတွင် Quarantine ထားရှိသူ (၁၂၀၆)ဦးနှင့် အတည်ပြုလူနာ (၂၇၂) ဦးကိုလည်း ထားရှိကာ ကုသပေးနေပြီး၊ ထပ်မံပြီးလည်း လူဦးရေ (၁၇၀၀)ကျော် လက်ခံ ထားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသလို လိုင် Quarantine Centre ကိုလည်း အတည်ပြုလူနာများပါ ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ဒါပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine Centre နှင့် ကုသရေးဌာနများကိုလည်း တိုးချဲ့ထားပြီး ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန်အတွက်လည်း အသိပေးပြောကြားလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ Quarantine Centers (၃၁)ခု၊ Hotel Quarantine (၄၁)ခု၊ ကုသရေး အတွက် ဝေဘာဂီဆေးရုံမှာ (၆၇)ဦး၊ တောင်ဥက္ကလာပဆေးရုံတွင် (၄၂)ဦး၊ ဖောင်ကြီး ကုသရေး စင်တာမှာ (၈၄၃)ဦး တက်ရောက်ကုသလျက်ရှိသည်။

#PeopleMedia #COVID19 #ရန်ကုန်တိုင်းအစိုးရအဖွဲ့


Share this post