လာမယ့်သီတင်းပတ်အတွင်း ဟားဗနားကို ရောက်ရှိလာမယ့် ရုရှားစစ်သင်္ဘောတွေဟာ ခြိမ်းခြောက်မှုမဟုတ် ကြောင်း ကျူးဘားအစိုးရပြော
PUBLISHED - June 7, 2024
နိုင်ငံတကာ၊ ဇွန် ၇
ရုရှားစစ်သင်္ဘောလေးစီး လာမယ့်သီတင်းပတ်ထဲမှာ ကျူးဘားနိုင်ငံ ဟားဗနားဆိပ်ကမ်းကို ဆိုက်ရောက်လာမှာ ဖြစ်ပေမဲ့ နျူကလီးယားလက်နက်တွေ သယ်ဆောင်လာမှာမဟုတ်တဲ့အတွက် ဒေသတွင်းကို ခြိမ်းခြောက်မှာ မ ဟုတ်ကြောင်း ကျူုးဘားအစိုးရက ကြာသပတေးနေ့ (ဇွန်လ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“ဒီခရီးစဉ်ဟာ ကျူးဘားနဲ့ ရုရှားဖက်ဒရေးရှင်းတို့ကြားက သမိုင်းဝင်ချစ်ကြည်ရေးဆက်ဆံမှုတွေကို ကိုယ်စားပြု တဲ့ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်မှာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာသွားမှာဖြစ်ပါ တယ်။” လို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
“ဘယ်သင်္ဘောမှာမှ နျူကလီးယားလက်နက်တွေ သယ်ဆောင်လာမှာမဟုတ်တဲ့အတွက် အဲဒီသင်္ဘောတွေ ကျွန်တော်တို့နိုင်ငံမှာ ရပ်နားတာဟာ ဒေသတွင်းကို ခြိမ်းခြောက်မှာမဟုတ်ပါဘူး။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။
ရုရှားနိုင်ငံဟာ ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့အတွက် ကျူးဘားနဲ့ ဗန်နီဇွဲလား အပါအဝင် ကရစ်ဘီယန်ဒေ သကို တိုက်ခိုက်ရေးသင်္ဘောတွေ စေလွှတ်သွားဖို့ စီစဉ်ထားကြောင်း အမေရိကန်အရာရှိတစ်ဦးက သတင်း ထောက်တွေကို ပြောကြားပြီး တစ်ရက်အကြာမှာ အခုလို ကျူးဘားနိုင်ငံက ကြေညာခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လိုက်တဲ့အချိန်ကစပြီး အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား တို့ ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်က ယူကရိန်းကိုထောက်ပံ့နေတဲ့အတွက် အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ပုံမှန်ပြုလုပ်နေတဲ့ ရုရှားရဲ့ ရေတပ်လှုပ်ရှားမှုတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါ တယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း လေယာဉ်နဲ့ သင်္ဘော အနည်းငယ်လောက် ရောက်ရှိလာမှာကို ခြိမ်းခြောက်မှုလို မမြင်ပေမဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို အမေရိကန်ရေတပ်က စောင့်ကြည့် သွားမှာဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ရုရှားစစ်သင်္ဘောတွေဟာ ဟားဗနားဆိပ်ကမ်းကို ဇွန်လ ၁၂ ရက်နဲ့ ၁၇ ရက်ကြားမှာ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြောင်း ကျူးဘားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: Russian warships to arrive in Havana next week but pose no threat, Cuba says
#PeopleMedia