• Follow Us on

Home လာအိုနိုင်ငံတွင် ဆိုင်းဘုတ်များကိုင်ကာ ရန်ပုံငွေ ကောက်နေသည့် PDF ထောက်ပို့ (၁၇) ယောက်ကို လာအို အစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်း

လာအိုနိုင်ငံတွင် ဆိုင်းဘုတ်များကိုင်ကာ ရန်ပုံငွေ ကောက်နေသည့် PDF ထောက်ပို့ (၁၇) ယောက်ကို လာအို အစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်း

Share this post

နေပြည်တော်၊ မေ ၆

 

မြန်မာ- ထိုင်း- လာအို သုံးနိုင်ငံနယ်စပ်၊ ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံဘက်ခြမ်းရှိ တုံဖုံမြို့နယ်တွင် ဆိုင်းဘုတ် များကိုင်ကာ ရန်ပုံငွေ ကောက်နေသည့် PDF ထောက်ပို့ (၁၇) ယောက်ကို လာအိုအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးကြောင်း သိရသည်။

 

ဧပြီလ (၁၃)ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ဆိုင်းဘုတ်များကိုင်ကာ ရန်ပုံငွေကောက်နေသည့် PDF ထောက်ပို့ (၁၇) ယောက်ကို လာအိုရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အဖမ်းခံရသည့် PDF ထောက်ပို့ (၁၇) ယောက်သည် ဒေါင်းညီနောင်နှင့် သွေးသောက်ညီနောင် ထောက်ပို့အဖွဲ့များမှဖြစ်ပြီး အမျိုးသား (၁၃) ယောက်နှင့် အမျိုးသမီး (၄)ယောက် ပါဝင်ကြောင်း သိရသည်။

 

လာအိုရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်း PDF ထောက်ပို့ (၁၇)ယောက်ကို ဖမ်းဆီးစစ်ဆေးပြီးနောက် မေလ (၃)ရက်အရောက်တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post