လာအိုမှာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး မြန်မာထိပ်တန်းကိုယ်စားလှယ် တက် ရောက်
PUBLISHED - March 5, 2024
နိုင်ငံတကာ၊ မတ် ၅
လာအိုနိုင်ငံမှာ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က ကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအ ဝေးကို မြန်မာ နစက အစိုးရရဲ့ ထိပ်တန်းကိုယ်စားလှယ်တစ်ဦးတက်ရောက်ခဲ့တဲ့အတွက် မြန်မာအစိုးရဟာ အာ ဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့သဘောထားတွေ့ရကြောင်း Kyodo News မှာ ရေးသားဖော်ပြထားပါ တယ်။
အာဆီယံအစည်းအဝေးတွေမှာ နစက အစိုးရဘက်က တက်ရောက်ခဲ့တာ အခုအကြိမ်ဟာ ဒုတိယမြောက် အ ကြိမ်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အာဆီယံအစည်းအဝေးတွေကို နိုင်ငံရေးကို ကိုယ်စားမပြုတဲ့ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုခဲ့တဲ့အတွက် မြန်မာ နစက အစိုးရက အာဆီယံဝန် ကြီးအဆင့် အစည်းအဝေးတွေကို သပိတ်မှောက်ခဲ့ပါတယ်။
အင်္ဂါနေ့ကကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့သူကတော့ ကာ ကွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းဖြစ်ကြောင်း သံတမန်သတင်း ရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက လမ်ပရာဘန်းမှာကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုကို နစက အစိုးရ ထိပ်တန်း အရာရှိတစ်ဦးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးအတွက် လူသားချင်းစာနာထောက်ထား မှုလမ်းကြောင်းတစ်ခုဖွင့်လှစ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို တက်ရောက်လာသူတွေက ထောက်ခံခဲ့ကြပါ တယ်။
အင်္ဂါနေ့က အစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်လာတာဟာ မြန်မာလူမျိုးတွေအတွက်ရော စိုးရိမ်ပူပန် နေတဲ့ အဖွဲ့အစည်းတွေအားလုံးအတွက်ရော အကျိုးရှိမှာဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆုတင်ကလန် ဆန်းက Kyodo News ကို ပြောကြားခဲ့ပါတယ်။
“အခုလိုတက်ရောက်လာတာဟာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သ ဘောတူညီထားတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်မယ့်ကိစ္စနဲ့ပတ်သက် ပြီး အားလုံးပါဝင်တဲ့ သဘောတူညီမှုတည်ဆောက်ရာမှာ မတူကွဲပြားမှုတွေ ပိုမိုကျဉ်းမြောင်းလာမှာဖြစ်ပါ တယ်။” လို့ ဆုတင်က ပြောပါတယ်။
Ref: Myanmar junta senior official attends ASEAN defense ministers meeting: Kyodo News
#PeopleMedia