• Follow Us on

Home လားရိူးမြို့တွင် အုတ်တံတိုင်းပြိုကျ၍ အမျိုးသားတစ်ဦး သေဆုံး

လားရိူးမြို့တွင် အုတ်တံတိုင်းပြိုကျ၍ အမျိုးသားတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

ရှမ်းပြည်နယ်၊ လားရိူးခရိုင်၊ လားရိူးမြို့၊ ရပ်ကွက် (၅) ၊ နယ်မြေ (၁၃) တွင် အုတ်တံတိုင်းပြိုကျ၍ အမျိုးသား တစ်ဦး ပိမိ၍ သေဆုံးသွားကြောင်း သိရသည်။ ယနေ့နံနက် ၂:၄၀ အချိန်တွင် လားရိူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ နေအိမ်များအတွင်း ဝင်ရောက်မှုကြောင့် ဒေသခံမီးသတ်တပ်ဖွဲ့နှင့် ပရ ဟိတများပူးပေါင်း၍ ရပ်ကွက်အတွင်း ရှိပြည်သူများကို နေရာများရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

 

ထိုနေရာများအား ရွှေ့ပြောင်းနေစဉ်အတွင်း နယ်မြေ(၁၃) တွင် အုတ်တံတားပြိုကျမှုကြောင့် လူနေအိမ်ပေါ် သို့ပြိုကျ၍ ထိုနေအိမ်ထဲတွင် ရှိနေသည့် အမျိုးသားတစ်ဦးပေါ်သို့ ပိ၍သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post