လားရှိုးမြို့တွင် စစ်သွေးကြွများ ခိုအောင်းနေသည့် နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ထပ်မံရှင်းလင်း
PUBLISHED - September 30, 2024
နေပြည်တော်၊ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ထပ်မံရှင်းလင်းလိုက်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ (၃၀)ရက် နံနက် (၁၂)နာရီ (၄၀)မိနစ်အချိန်က စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့် လားရှိုးမြို့၊ ရပ်ကွက် (၁၁)၊ အောင်စေတနာလမ်းသွယ်(၂)ရှိ နေအိမ်များကို လေကြောင်းဖြင့် ဗုံး (၃)လုံးကြဲချကာ ရှင်းလင်းခဲ့သည်။
ယင်းသို့ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွ MNDAA အဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ခိုအောင်းနေသည့် နေအိမ် (၅)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တပ်မတော်မှ MNDAA စစ်သွေးကြွ အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီးနောက်ပိုင်း လားရှိုးမြို့ကို လေကြောင်းဖြင့် ရှင်းလင်းမှု (၁၀)ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
#PeopleMedia