• Follow Us on

Home လားရှိုးမြို့တွင် ဆောက်လုပ်ဆဲအဆောက်အဦ၏ အိမ်သာကျင်းအတွင်း အမျိုးသား (၃) ဦး အောက်ဆီဂျင်ပြတ် တောက်၍ သေဆုံး

လားရှိုးမြို့တွင် ဆောက်လုပ်ဆဲအဆောက်အဦ၏ အိမ်သာကျင်းအတွင်း အမျိုးသား (၃) ဦး အောက်ဆီဂျင်ပြတ် တောက်၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၂

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ သီတာလမ်းရှိ ဆောက်လုပ်ဆဲအဆောက်အဦ၏ အိမ်သာကျင်းအတွင်း စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်က အမျိုးသား (၃) ဦး အောက်ဆီဂျင်ပြတ်တောက် ၍ လဲကျနေကြောင်း သိရသည်။

 

အမျိုးသား (၃) ဦး အောက်ဆီဂျင်ပြတ်တောက်၍ လဲကျနေသတင်းရရှိသဖြင့် လားရှိုးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်ခဲ့‌ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၃)ဦး သေဆုံးအား လားရှိုးလူငယ်အသင်း၊ ဓမ္မရက္ခိတအသင်း၊ ဂရုဏာ အသင်းနှင့် ကမ်းလင့်လက်အသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post