• Follow Us on
Latest News

Home လားရှိုးမြို့နယ်ရှိ အမှတ် ၁၁ လေ့ကျင့်ရေးကျောင်းကို စစ်သွေးကြွ MNDAA တိုက်ခိုက်နေ

လားရှိုးမြို့နယ်ရှိ အမှတ် ၁၁ လေ့ကျင့်ရေးကျောင်းကို စစ်သွေးကြွ MNDAA တိုက်ခိုက်နေ

Share this post

လားရှိုး၊ ဇူလိုင် ၃

 

ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့၊ လားရှိုးမြို့နယ်ရှိ အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးကျောင်းကို MNDAA စစ်သွေးကြွအဖွဲ့များသည် ဇူလိုင်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်မှ စတင်ပြီး ယနေ့ ဇွန်လ ၃ ရက်နေ့ ည ၇ နာရီအချိန်ထိ ဒရုန်းဖြင့် ဗုံးကျဲခြင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။

 

MNDAA စစ်သွေးကြွများသည် အဆိုပါ လေ့ကျင့်ရေး ၁၁ အတွင်းကို လျှပ်စစ်မီးသွယ်တန်းထားသော တာဝါ တိုင်များကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ကျောင်းအတွင်းရှိ ဂျန်ပါများမှ ဒရုန်း ဖြတ်မချနိုင်ရန် တာဝါတိုင်များကို မိုင်းခွဲ လိုက်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်၌ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားထားသည်။

 

အလားတူ ယနေ့ည၌ အဆိုပါ ကျောင်းကို အပြီးသိမ်းပိုက်နိုင်ရန်အတွက် ၎င်းတို့၏ အင်အားများ၊ ဒရုန်းများနှင့် လက်နက်ကြီးများကို တစ်တော့ ပလက်ဖောင်း၌ ရုပ်သံများနဲ့ တင်ထားမှုများလည်း ပြုလုပ်ထားသည်။

 

Photo – Credit

 

#PeopleMedia


Share this post