• Follow Us on

Home လားရှိုးမြို့ရှိ စစ်သွေးကြွများ ခိုအောင်းနေသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၃) လုံး ကြဲချ ရှင်းလင်း

လားရှိုးမြို့ရှိ စစ်သွေးကြွများ ခိုအောင်းနေသည့်နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၃) လုံး ကြဲချ ရှင်းလင်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့် နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၃)လုံး ကြဲချကာ ထပ်မံရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ (၂၇)ရက် နံနက်(၃)နာရီ (၄၅)မိနစ်ခန့်တွင် လားရှိုးမြို့ ရပ်ကွက် (၂) တကောင်းလမ်း Green Park နားတွင် (၁)လုံး၊ မြို့မဈေး ချယ်ရီရုံတွင် (၁)လုံးနှင့် ရပ်ကွက် (၁) နယ်မြေ (၈) ရန်တိုင်း အောင်ဘက်တွင် (၁)လုံး ကြဲချကာ စစ်သွေးကြွများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

ရပ်ကွက် (၁)နှင့် ရပ်ကွက် (၂)တွင် ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သလို ၎င်းစစ်သွေးကြွများ ခိုအောင်းနေသည့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၂)ရက်မှစတင်ကာ MNDAA  စစ်သွေးကြွအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် တပ်မတော်မှ ကြေညာပြီးနောက် လားရှိုးမြို့ကို (၈)ကြိမ်မြောက် လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post