လားရှိုးမြို့ရှိ စစ်သွေးကြွများ ခိုအောင်းနေသည့် နေရာကို တပ်မတော်မှ (၁၁)ကြိမ်မြောက် လေကြောင်းဖြင့် ရှင်းလင်း
PUBLISHED - October 1, 2024
နေပြည်တော်၊ အောက်တိုဘာ ၁
MNDAA စစ်သွေးကြွ အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့် နေရာကို တပ်မတော်မှ (၁၁)ကြိမ်မြောက် လေကြောင်းဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၃၀)ရက် ည (၉)နာရီ (၅၅)မိနစ်ခန့်တွင် စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့် လားရှိုးမြို့ (၁၂)ရပ်ကွက် အနီးတဝိုက်ကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ရှင်းလင်းခဲ့ခြင်းကြောင့် စစ်သွေးကြွ MNDAA အဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ခိုအောင်းနေသည့် အဆောက်အအုံများလည်း ထိခုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂)ရက်က စစ်သွေးကြွ MNDAA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်၊ ၂၁ ရက်၊ ၂၄ ရက်၊ ၂၅ ရက်၊ ၂၇ ရက်၊ ၂၈ ရက်၊ စက်တင်ဘာ ၃၀ရက် တို့တွင် လားရှိုးမြို့ရှိ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့်နေရာများကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့သည်။
#PeopleMedia