• Follow Us on
Latest News

Home လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIO/KIA အဖွဲ့မှ ဆက်ကြေးကောက်ခံရာပေးဆောင်ခြင်းမရှိ၍ မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIO/KIA အဖွဲ့မှ ဆက်ကြေးကောက်ခံရာပေးဆောင်ခြင်းမရှိ၍ မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ်မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ  ဦးဆေးပလယ်(၂၇)နှစ်၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၀)နေသူတွင် ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်း သွားလာသူ မချောစုအောင်(၁၈)နှစ်၊ ရပ်ကွက်(၅)၊ နယ်မြေ(၄)နေသူတွင် လည်ပင်းအရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ညိုသကြီးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိထားသည်ကို တွေ့ရှိရ သဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် လုံခြုံရေးအထောက် အကူပြု မှတ်တမ်းများအား စိစစ်ချက်အရ အမျိုးသား ၂ ဦးသည် KENBO 110 ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သို့ ရောက်ရှိလာပြီး ဆိုင်ကယ်အား ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထားခဲ့ကာ ၎င်းတို့ ၂ ဦးပြန်လည် ထွက်ခွာသွား ပြီးမကြာမီ အဆိုပါဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စိစစ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အဆိုပါမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့လိပ်မူပြီး ၎င်းတို့အဖွဲ့ထံ ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်မီ အခွန် ငွေအား မပျက်မကွက်လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ် ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေး ကောက်ခံသည့် အကြောင်းကြားစာအား လာ ရောက်ပေးပို့ခဲ့ပြီး ဟိုတယ်မှပေးသွင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။

 

အဆိုပါ KIO/ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိုးမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀(ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post