• Follow Us on

Home လားရှိုးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

လားရှိုးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့ ရပ်ကွက် (၅) ရှိ နေအိမ်တစ်လုံးအတွင်းမှ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၅)နေ ကျော်ရင်(ခ)အားဝမ် ငှားရမ်း နေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မခေါင်ညွယ်(ခ)ဘောက်နူးပန်အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် ကက်တမင်းအလေးချိန် ၁.၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၆၉ သိန်း)၊ Happy Water အလေးချိန် ၇၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅ သိန်း)၊ အက်တက်စီဆေးပြား ၅၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၇.၅ သိန်း)၊ Happy 5 ဆေးပြား ၄၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၀)၊ ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရ မိခဲ့သဖြင့် ကျော်ရင်(ခ)အားဝမ်(၂၈)နှစ်နှင့် မခေါင်ညွယ်(ခ)ဘောက်နူးပန်(၂၃)နှစ်တို့အား လားရှိုးမြို့မ ရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post