• Follow Us on
Latest News

Home လားရှိုးမြို့အား အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ဒေသခံများကားများ၌ အလံဖြူထောင်ကာ မြို့က ထွက်ခွာ

လားရှိုးမြို့အား အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ဒေသခံများကားများ၌ အလံဖြူထောင်ကာ မြို့က ထွက်ခွာ

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အား အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဒေသခံများ ကားများ၌ အလံဖြူထောင်ကာ မြို့ကထွက်ခွာနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

 

“မနက်က လားရှိုးကနေ မြို့ခံကားတော်တော်များများ အလံဖြူထောင်ပြီး ထွက်သွားကြတယ်။ ကားတွေ အများကြီး ပိတ်မိနေပါတယ်။ ရှေ့တိုးမရနောက်ဆုတ်မရတဲ့ လမ်းမှာ သုံးလေးရက်လောက် အိပ်ရနိုင်ချေ ရှိတယ်။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

 

တိုက်ပွဲများကြောင့် လားရှိုးမြို့မှ ဒေသခံများသည် ယမန်နေ့မှ စတင်ကာ မြို့ကိုစွန့်ခွာနေကြခြင်းဖြစ်ပြီး မြို့စွန့်ခွာသူများသည့်အတွက် လမ်းများ၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေကြောင်းနှင့် လားရှိုးမြို့မှ ထွက်ခွာ သူများသည့် စဉ့်အင်နှင့် တန့်ယန်းဘက်တို့ကို ဦးတည်ထွက်ခွာနေကြောင်း ဒေသခံများက ပြောသည်။

 

ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် လားရှိုးမြို့ အတွင်းရှိ ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးများ ကျရောက်မှုကြောင့် ကလေး အပါအဝင် လူ ၁၀ ဦးထပ်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ (၂) အတွင်းရှိ အမှတ်(၁၅) အခြေခံ ပညာမူလတန်း(လွန်)ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်များ ထိခိုက်ပျက်စီးသွားခဲ့ပြီး လားရှိုးမြို့ နောင်မွန်ဘုန်းကြီးကျောင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia


Share this post