လားရှိုးမြို့၊ နမ့်လန်မြို့နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ သံဃာတော်၊ သီလရှင်များနှင့် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

PUBLISHED - September 13, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့ရှိ ဟော်တော်ကျောင်း တိုက်နှင့် နမ့်လန်မြို့ရှိ ထမ်းဟိုစန့်ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော် ၂၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၁၆ ပါးနှင့် ဒေသခံပြည်သူ ၁၈ ဦးတို့ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆို ပါ ကျောင်းတိုက်အသီးသီး၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၁)ရပ်ကွက်ရှိ ဓမ္မာစရိယတက္ကသိုလ် အလိုတော်ပြည့်ကျောင်းတိုက်မှ စာချစာသင် သံဃာတော် ၁၆၀ ပါး၊ ရှင်သာမဏေ ၂၀၀ ပါးနှင့် ဒေသခံပြည်သူ ၁၀ ဦးတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌လည်းကောင်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင် ရွက်ပေးခဲ့သည်။
#PeopleMedia