• Follow Us on
Latest News

Home လားရှိုးမြို့၊ မြို့မဈေးကြီးအတွင်း PDF ထောင်ထားသည့်ဗုံးပေါက်ကွဲမှုကြောင့် လူ (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိ

လားရှိုးမြို့၊ မြို့မဈေးကြီးအတွင်း PDF ထောင်ထားသည့်ဗုံးပေါက်ကွဲမှုကြောင့် လူ (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ယနေ့ နံနက်ပိုင်းက PDF ထောင်ထားသည့် ဗုံးပေါက်ကွဲမှု‌ကြောင့် လူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်က လားရှိုးမြို့၊ အမှတ် (၂)ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ ဇွဲထက်ရွှေ ဆိုင်ရှေ့တွင် PDF ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြောင်း၊  ဆိုင် လုံခြုံရေးဝန်ထမ်းများက ဆိုင်ကယ်ထားသည့် PDF ၂ ဦးကို လိုက်လံရှာဖွေရာ မတွေ့ရှိသည့်အတွက် မြို့ မဈေးရှိ ဆိုင်ကယ်အပ်နှံရာနေရာသို့ သွားရောက်သတင်းပို့စဉ် ဆိုင်ရှေ့ရပ်ထားခဲ့သည့် ဆိုင်ကယ်မှာ ပေါက်ကွဲ မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

PDF ထောင်ခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းဒဏ်ရာ ရရှိသူများအနက်မှ အမျိုးသား ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post