လားရှိုးမြို့၊ Sunny ဟိုတယ်ရှေ့ ကားမိုင်းကို လုံခြုံရေးအဖွဲ့များ ရှင်းလင်းနိုင်
PUBLISHED - July 22, 2023
People Media၊ ဇူလိုင် ၂၂
ယနေ့နံနက် ၄ နာရီခန့်က ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့၊ ရပ်ကွက်(၆)၊ နယ်မြေ(၁)၊ လမ်းမတော်လမ်းရှိ Sunny ဟိုတယ်ရှေ့တွင် မသင်္ကာဖွယ် ကားတစ်စီးရပ်ထားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့က သွားရောက် စစ်ဆေးရာ
Mark II (အဖြူရောင်)ပေါ်တွင်
(၁) Gas အိုးကြီး ၂ လုံး
(၂) ဓာတ်ဆီ ၂ လီတာ
(၃) ရေသန့် ၂၀ လီတာ
(၄) ဓာတ်ခဲခြောက် ၅ လုံး
(၅) ယမ်းနဲ့ သံတိုသံစများထဲ့ထားတဲ့ ဟန်းကော ၁ လုံး
(၆) ဒီတိုနေတာ ၂ ချောင်း
(၇) Remote မိုင်းခွဲစက် ၁ လုံး
တို့ဖြင့် ပြင်းအားမြင့် ဗုံးထောင်ထားတဲ့ Mark II ယာဉ်တစ်စီးအား အချိန်မီဖော်ထုတ် သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။
#PeopleMedia