လားရှိုးမြို့ နည်းပညာတက္ကသိုလ်တွင် ခိုအောင်းနေသည့် MNDAA စစ်သွေးကြွများကို လေကြောင်းဖြင့် ထပ်မံရှင်းလင်း
PUBLISHED - September 25, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂) ရှိ နည်းပညာတက္ကသိုလ်တွင် ခိုအောင်းနေသည့် MNDAA စစ်သွေးကြွ အဖွဲ့ဝင်များကို တပ်မတော်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲရှင်းလင်းလိုက်ကြောင်း သိရသည်။
ယနေ့ စက်ဘင်ဘာလ (၂၅)ရက် နံနက်အစောပိုင်းက လားရှိုးနည်းပညာတက္ကသိုလ်တွင် ခိုအောင်းနေသည့် MNDAA စစ်သွေးကြွ အဖွဲ့ဝင်များကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယမန့်နေ့ စက်တင်ဘာလ (၂၄)ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၂) ရှိ ရထိုက်ဟိုတယ်နှင့် Golden Sunflower ဟိုတယ်တို့ကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချရှင်းလင်းခဲ့သဖြင့် စစ်သွေးကြွ MNDAA အဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့သည်။
#PeopleMedia