• Follow Us on

Home လားရှိုးလေကြောင်းခရီးစဉ်များ ဖျက်သိမ်း

လားရှိုးလေကြောင်းခရီးစဉ်များ ဖျက်သိမ်း

Share this post

နေပြည်တော်၊ ဇူလိုင် ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လားရှိုးလေဆိပ်ရှိ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာနများမှ သိရသည်။

 

လားရှိုးမြို့ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ Myanmar Airways International Mingalar Airline မှ ပျံသန်းပြေးဆွဲလျှက်ရှိသော လားရှိုးခရီးစဉ်များအား ယနေ့ ဇူလိုင် (၃) ရက်နေ့တွင် ခရီးစဉ် ဖျက်သိမ်း ထားကြောင်း Fly With Dream – ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာနမှ ထုတ်ပြန်ထားသည်။

 

လားရှိုးမြို့ အနီးတွင် ဇူလိုင်လ ၂ရက် ညပိုင်းက စတင်ကာ MNDAA၊ TNLAအဖွဲ့မှ လက်နက်ကြီးများ ပစ်ခတ် ကာ စတင်တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်နေခြင်းဖြစ်သည်။

 

ယနေ့ နံနက်ပိုင်းတွင် MNDAA အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မိုင်းမောလမ်း၊ တိုင်းရုံးအနီးရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား(၆)ဦး သေဆုံးခဲ့ ရကြောင်း သိရသည်။

 

မြောက်ပိုင်းအဖွဲ့များသည် ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ တကျော့ပြန် ဖော်ဆောင်လာခြင်းဖြစ်သည်။

 

#PeopleMedia


Share this post