လားရှိုး-မန္တလေးကားလမ်းရှိ Denko ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာမှ လူ ၂ ဦး သေ ဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - September 28, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မယ်ဟန်အုပ်စု နမ့်ခိုက်ကျေးရွာ လားရှိုး-မန္တလေး ကားလမ်းမပေါ်ရှိ Denko စက်သုံးဆီဆိုင်တွင် စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးကာ လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရ သည်။
ဖြစ်စဉ်မှာ ဆီလာဖြည့်သော ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဆီလာ ရောက်ဖြည့်သည့် သစ္စာဟိန်း ခရီးသည်တင်ယာဉ်နှင့် Mni Truck ကားတစ်စီးတို့မှာ မီးကူးစက်လောင်ကျွမ်း သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာရသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား လားရှိုးခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေးအသင်းများမှ ပူးပေါင်းကာ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။
#PeopleMedia