လားရှိုး – သီပေါ လမ်းမကြီးပေါ်ရှိ ဆွတ်လန်းရွာတံတားကို စစ်သွေးကြွ TNLA အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီး

PUBLISHED - June 25, 2024
နေပြည်တော်၊ ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး- သီပေါ ပြည်ထောင်စုလမ်းမပေါ်ရှိ ဆွတ်လန်းရွာတံတားကို စစ်သွေးကြွ TNLA အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
ဆွတ်လန်းရွာတံတားကို ယနေ့ ဇွန်လ (၂၅) ရက် နံနက် (၉) နာရီခန့်က စစ်သွေးကြွ TNLA အဖွဲ့ဝင်များမှ မိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ပြီး (၉) နာရီခွဲခန့်တွင် နောက်ထပ်မိုင်းတစ်လုံး ထပ်မံခွဲခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆွတ်လန်းရွာတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ခရီးသည်တင်ကားများသွားလာ၍ မရတော့ဘဲ လမ်းများပိတ်နေကြောင်း ယာဉ်မောင်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#PeopleMedia