လားရှိုး အမှတ်(၉) တပ်မတော် ခုတင် (၁၀၀) ဆေးရုံကို စစ်သွေးကြွ MNDAA/ယူနန်(တရုတ်)များမှ စီးနင်း တိုက်ခိုက်ပြီး ဆေးရုံတက်ရောက်နေသူ (၁၀၀)ကျော် ဖမ်းသွား၊ ဆရာဝန်များ အပါအဝင် လူ (၁၀၀) ကျော်ကိုလည်း သတ်ဖြတ်သွား
PUBLISHED - August 3, 2024
နေပြည်တော်၊ ဩဂုတ် ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ် (၉) တပ်မတော် ခုတင် (၁၀၀) ဆေးရုံကို စစ်သွေးကြွ MNDAA/ ယူနန်(တရုတ်)များမှ စီးနင်းတိုက်ခိုက်ပြီး ဒဏ်ရာရသူများ အပါအဝင် ၎င်းတို့၏ မိသားစုဝင် လူနာစောင့်များ၊ ဆေးရုံ တက်ရောက်ကုသနေသည့် ဒေသခံများ စုစုပေါင်း (၁၀၀)ကျော်ကို ဖမ်းဆီးသွား ကြောင်း သိရသည်။
စစ်သွေးကြွ MNDAA /ယူနန်(တရုတ်)များ၏ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်များအရ ဖမ်းဆီးခံရသူ (၁၀၀) ကျော်တွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် ဒဏ်ရာရရှိထားသည့် အမျိုးသားအများစု ပါဝင်သည်ကို တွေ့ရသည်။
စစ်သွေးကြွ MNDAA /ယူနန်(တရုတ်)များအနေဖြင့် တပ်မတော် ခုတင် (၁၀၀)ဆေးရုံကို ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၁)ရက်တွင် စတင်စီးနင်းခဲ့ကာ ဆရာဝန်များ၊ သူနာပြုများအပါအဝင် လူ(၁၀၀)ကျော်ကို သတ်ဖြတ်သွားကြောင်း သိရသည်။
စစ်သွေးကြွ MNDAA /ယူနန်(တရုတ်)များသည် လားရှိုး ခုတင် (၁၀၀)ဆေးရုံကို ဝင်ရောက်စီးနင်းစဉ် ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံတက်ရောက်နေသည့် လူနာများအပါအဝင် စုစုပေါင်း (၁၀၀)ကျော်ကို သတ်ဖြတ်သွားကြောင်း မျက်မြင်သက်သေ ပြည်သူတစ်ဦးက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဝေမျှထားသည်။
#PeopleMedia