• Follow Us on
Latest News

Home လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ပေးရန် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံးက အတည်ပြု

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ပေးရန် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံးက အတည်ပြု

Share this post

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာနိုင် ငံသားနှစ် ယောက်ကို သေဒဏ်ချမှတ်ဖို့ ထိုင်းဗဟိုတရားရုံးက ထောက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ဟာ ဗြိတိန်ကမ္ဘာ့လှည့်ခရီးသွား စုံတွဲတစ်တွဲကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုပြီး အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

တရားခံရှေ့နေတွေဘက်က အမှုကိုစစ်ဆေးရာမှာ လိုအပ်ချက်တွေရှိနေတာကြောင့် အယူခံဝင်ခဲ့ပြီး နောက်ဆုံးအကြိမ် အယူခံလျှောက်ထားမှုကို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ပယ်ချခဲ့ပြီး သေဒဏ်ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref;Mirror


Share this post