
PUBLISHED - January 3, 2020
ရန်ကုန်၊ ဇန်နဝါရီ – ၃
(Unicode)
လိမ်ညာခိုးဝှက်တာရှိလျှင်လည်း အားမနာတမ်းပြစ်တင်ဆုံးမကြရန် မကွေးတိုင်းဝန်ကြီးချုပ် ပြောဆို
……………………………………………………
ရန်ကုန်၊ ဇန်နဝါရီ – ၃
လိမ်ညာခိုးဝှက်တာရှိလျှင်လည်း အားမနာတမ်းပြစ်တင်ဆုံးမကြရန် မကွေးတိုင်းဝန်ကြီးချုပ် ပြောဆိုလိုက်ပါ တယ်။
မကွေးတိုင်းဒေသကြီးရှိ ပြည်သူလူထုအားလုံး ကိုယ်ကျန်းမာလို့စိတ်ချမ်းသာကြပါစေကြောင်း မင်္ဂလာနှစ်သစ်မှာ ဆုတောင်းလိုက်ပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အလုပ်အကျွေးပြုသွားမှာဖြစ်ကြောင်း၊ လိမ်ညာခိုးဝှက် တာရှိလျှင်လည်း အားမနာတမ်းပြစ်တင်ဆုံးမကြပါလို့ ဒေါက်တာအောင်မိုးညိုက ပြောဆိုလိုက်ပါတယ်။
ဒေါက်တာအောင်မိုးညိုက ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် တိုင်းလွှတ်တော် (၁၅)ကြိမ်မြောက် အစည်းအဝေး ပထမနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံ – မကွေးတိုင်းလွှတ်တော်
#PeopleMedia #မကွေးတိုင်းဝန်ကြီးချုပ်