• Follow Us on
Latest News

Home လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ျဖင့္ ခရီးသည္တင္ လိုင္းေျပးဆြဲေနသူမ်ားကို ဖမ္းဆီးအေရးယူ

လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ျဖင့္ ခရီးသည္တင္ လိုင္းေျပးဆြဲေနသူမ်ားကို ဖမ္းဆီးအေရးယူ

Share this post

မိုးေကာင္း၊ ဇန္နဝါရီ-၂၀

မိုးေကာင္းၿမိဳ႕နယ္တြင္ ယေန႔နက္ပိုင္းက လိုင္စင္မဲ့ ေမာ္ေတာ္ယာဉ္ျဖင့္ ခရီးသည္တင္ လိုင္းေျပးဆြဲေနသူမ်ားကို ဖမ္းဆီးအေရးယူထားေၾကာင္း နမၼတီးနယ္ေျမရဲစခန္းမွ သိရသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ မရမ္ကေထာင္ေက်းရြာအနီး မရမ္ကေထာင္ပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ ဇန္နဝါရီ (၁၉)ရက္ နံနက္(၁၁)နာရီအခ်ိန္ခန္႔က ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ ပုဂၢလိပိုင္ေမာ္ေတာ္ယာဉ္ လုပ္ငန္းယာဉ္မ်ားႀကီးၾကပ္မႈေကာ္မတီ(ယ.က.တ)ႏွင့္အမွတ္ (၁၀၁)ယာဉ္ထိန္းရဲတပ္ဖြဲ႕စုတို႔ပူးေပါင္း၍ ယာဉ္စစ္ေဆးမႈေဆာင္ရြက္ေနစဉ္ ျမစ္ႀကီးနားၿမိဳ႕မွ ဖါးကန္႔ၿမိဳ႕ဘက္သို႔ ဦးေအာင္ျမင့္၊ (၄၀)ႏွစ္ေမာင္းႏွင္လာေသာ TOYOTA VOXY အနက္ေရာင္ယာဉ္ႏွင့္ ေဇာ္မ်ိဳးထြန္း (၄၆)ႏွစ္ ေမာင္းႏွင္လာေသာ TOYOTA Probox ယာဉ္ႏွစ္စီးအား ရပ္တန္႔စစ္ေဆးရာ ယာဉ္ႏွင့္ပတ္သက္ေသာ အထာက္အထား တစ္စုံတစ္ရာျပသႏိုင္ျခင္းမရွိသျဖင့္ ဖမ္းဆီးထိမ္းသိန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဉ္ႏွင့္ပတ္သက္၍ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ျဖင့္ ခရီးသည္တင္ လိုင္းေျပးဆြဲေနၾကသည့္ ေမာင္းႏွင္သူ ဦးေအာင္ျမင့္ႏွင့္ ေဇာ္မ်ိဳးထြန္းကို နမၼတီးနယ္ေျမရဲစခန္းမွ ပို႔ကုန္သြင္းကုန္ ပုဒ္မ -၈ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ခ်ိဳေမာင္

#peoplemedia #EPN

(unicode)
လိုင်စင်မဲ့ မော်တော်ယာဥ်ဖြင့် ခရီးသည်တင် လိုင်းပြေးဆွဲနေသူများကို ဖမ်းဆီးအရေးယူ
………………………………………………………………………………………..

မိုးကောင်း၊ ဇန်နဝါရီ-၂၀

မိုးကောင်းမြို့နယ်တွင် ယနေ့နက်ပိုင်းက လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် ခရီးသည်တင် လိုင်းပြေးဆွဲနေသူများကို ဖမ်းဆီးအရေးယူထားကြောင်း နမ္မတီးနယ်မြေရဲစခန်းမှ သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်ကထောင်ကျေးရွာအနီး မရမ်ကထောင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ (၁၉)ရက် နံနက်(၁၁)နာရီအချိန်ခန့်က ခရိုင်နှင့်မြို့နယ် ပုဂ္ဂလိပိုင်မော်တော်ယာဉ် လုပ်ငန်းယာဉ်များကြီးကြပ်မှုကော်မတီ(ယ.က.တ)နှင့်အမှတ် (၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ယာဉ်စစ်ဆေးမှုဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့မှ ဖါးကန့်မြို့ဘက်သို့ ဦးအောင်မြင့်၊ (၄၀)နှစ်မောင်းနှင်လာသော TOYOTA VOXY အနက်ရောင်ယာဉ်နှင့် ဇော်မျိုးထွန်း (၄၆)နှစ် မောင်းနှင်လာသော TOYOTA Probox ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော အထာက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် ဖမ်းဆီးထိမ်းသိန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လိုင်စင်မဲ့မော်တော်ယာဥ်ဖြင့် ခရီးသည်တင် လိုင်းပြေးဆွဲနေကြသည့် မောင်းနှင်သူ ဦးအောင်မြင့်နှင့် ဇော်မျိုးထွန်းကို နမ္မတီးနယ်မြေရဲစခန်းမှ ပို့ကုန်သွင်းကုန် ပုဒ်မ -၈ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချိုမောင်

#peoplemedia #EPN


Share this post