လှိုင်သာယာရှိ အထည်ချုပ်ကို အဝေးထိန်းဗုံးဖြင့် ဖေါက်ခွဲခဲ့ကြောင်း CGF HTY ထုတ်ပြန်
PUBLISHED - August 24, 2021
နေပြည်တော်၊ သြဂုတ် ၂၄ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စနေမ မှတ်တိုင်ထိပ်အနီးတွင် န-စ-က တပ်စွဲထားသော အထည်ချုပ်အား အဝေးထိန်းဗုံးဖြင့် သြဂုတ်လ ၂၃ ရက်နေ့ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း CIVIL GUERRILL A FORCE (HTY) မှ ထုတ်ပြန်ထားသည်။
ထိုသို့ ဖောက်ခွဲမှုကြောင့် န-စ-က မှ အနည်းဆုံး ၂ ယောက် ပြင်းထန်စွာ ထိခိုက်မှုရှိပြီး၊ မိမိတို့ CGF အား စစ် ကောင်စီမှ ပေါက်ကွဲမှုအပြီးတွင် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ပြီ ဖြစ် ကြောင်း CGF HTY မှ ပြောဆိုထားသည်။
၎င်းဖောက်ခွဲတိုက်ခိုက်မှုသည် သြဂုတ် ၂၃ ရက်နေ့ မနက်က ဖြစ်ပွားခဲ့သော သမိုင်းမြို့သစ် အကြမ်းဖက် ပစ်ခတ်မှုအတွက် တုန့်ပြန်မှုတစ်ခုဖြစ်ပြီး၊ နောက်နောင်တွင်လည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia #နစက #လှိုင်သာယာ
(unicode)
………………………………………………………………