လှိုင်မြို့နယ်၊ မြနန္ဒာအိမ်ယာ၌ ဖုန်းအဟောင်း အရောင်းအဝယ်လုပ်သည့် တိုက်ခန်း ဓါးပြတိုက်ခံရပြီးနောက် ဖုန်းအဟောင်း ၅၀ ခန့်နှင့် ကျပ်သိန်း ၁၂၀ ကျော် ယူဆောင်သွားခြင်းခံရ

PUBLISHED - January 28, 2022
ရန်ကုန်၊ ဇန်နဝါရီ ၂၈ (People Media)
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ မြနန္ဒာအိမ်ယာ၌ ဖုန်းအဟောင်း အရောင်းအဝယ်လုပ်သည့်တိုက်ခန်း ဓါးပြတိုက်ခံရပြီးနောက် ဖုန်းအဟောင်း ၅၀ ခန့်နှင့် ကျပ်သိန်း ၁၂၀ ကျော် ယူဆောင်သွားခြင်း ခံခဲ့ရသည်။
ဖုန်းအဟောင်းဝယ်မည်ဟု ပြောဆိုကာ လူငယ်နှစ်ယောက်သည် တိုက်ခန်းအတွင်း ဝင်ရောက် ဓါးပြတိုက်ပြီး နောက် နေအိမ်ရှိ ကျပ်သိန်း ၁၂၀ နှင့် ဖုန်းအဟောင်း ၅၀ ခန့်ကို ယူဆောင်သွားခြင်းဖြစ်သည်။
“လူငယ်နှစ်ယောက်ပါ။ ပစ္စတိုတစ်လက်ကိုင်ထားတယ်။ အခုထိတော့ ဖမ်းလို့ မမိသေးပါဘူး” လို့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၌ ပုဂ္ဂလိကဘဏ်များ၊ ငွေသယ်ယာဉ်များ၊ ရွှေဆိုင်များ၊ နေအိမ်များ ဓါးပြတိုက်ခံ ရမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Photo – Credit
#PeopleMedia #လှိုင် #ဓားပြတိုက်မှု
(unicode)
……………………………………………………….
Photo – Credit