• Follow Us on

Home လီး(မ်) ချာဘန်းဆိပ်ကမ်းအဆင့်မြှင့်တင်တည်ဆောက်မှု ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ ပုဂ္ဂလိကကုမ္ပဏီ တွေ ပူးပေါင်းဆောင်ရွက်နေ

လီး(မ်) ချာဘန်းဆိပ်ကမ်းအဆင့်မြှင့်တင်တည်ဆောက်မှု ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ ပုဂ္ဂလိကကုမ္ပဏီ တွေ ပူးပေါင်းဆောင်ရွက်နေ

Share this post

နိုင်ငံတကာ၊ မတ် ၁

 

အရှေ့ဖျားစီးပွားရေးလမ်းကြောင်း (EEC) ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် လီး(မ်) ချာဘန်းဆိပ်ကမ်း အဆင့်မြှင့်တင်တည်ဆောက်မှုကို အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်နေ ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

ဒီစီမံကိန်းရဲ့ တတိယအဆင့်ဟာ အရေးကြီးတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲစီမံကိန်းတွေထဲက အဆင့်တစ်ခုဖြစ် ပါတယ်။

 

ထိုင်းဘတ်ငွေ ၁၁၄ ဘီလျံကုန်ကျမယ့် အဲဒီအဆင့်မြှင်တင်ရေးစီမံကိန်းမှာ ထိုင်းဆိပ်ကမ်းအာဏာ ပိုင်အဖွဲ့ (PAT) က ၄၇% ထည့်ဝင်ထားပြီး ပုဂ္ဂလိကလုပ်ငန်းက ၅၃% ထည့်ဝင်ထားပါတယ်။

 

အဆင့်မြှင့်တင်ဆောင်ရွက်မယ့် F ပုံစံ ဆိပ်ကမ်းတည်ဆောက်မှုကို ငါးနှစ်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ် တယ်လို့ဆိုပါတယ်။

 

စီမံကိန်းရင်းနှီးမြှုပ်နှံမှုကို အပိုင်း လေးပိုင်းခွဲထားရာမှာ ပင်လယ်ရေကြောင်းတည်ဆောက်ရေး၊ အဆောက်အ အုံ/ ဆိပ်ကမ်း/ ကားလမ်း/ ရေ/ မီး/ စွမ်းအင်/ဆက်သွယ်ရေးတည်ဆောက်ရေး၊ ရထားလမ်းတည်ဆောက်ရေး/ ကုန်တင်သင်္ဘောများရွှေ့ပြောင်းနိုင်ရေးအတွက် လိုအပ်တဲ့စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်နိုင်ရေးနဲ့ ဆိပ်ကမ်း စီမံခန့်ခွဲမှုနဲ့ ဗဟိုအခြေခံအဆောက်အအုံအတွက် IT စနစ်တစ်ခု ရေးဆွဲတပ်ဆင်ရေးတို့ပါဝင်ပါတယ်။

 

ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (PAT) ဟာ လီး (မ်) ချာဘန်းဆိပ်ကမ်း (အပိုင်း ၁) တတိယအဆင့် တည် ဆောက်ရေး ဒါမှမဟုတ် ပင်လယ်ရေကြောင်းတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ CNNC Joint Venture ကုမ္ပဏီကြီးနဲ့ လုပ်ငန်းကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

 

စီမံကိန်းပူးတွဲဆောင်ရွက်မယ့် လုပ်ငန်းတွေထဲမှာ NTL Marine ကုမ္ပဏီ၊ Nathalin ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ယောင်ဂန်ဆောက်လုပ်ရေးအဖွဲ့ ကုမ္ပဏီတို့ပါဝင်ပါတယ်။

 

NTL Marine ကုမ္ပဏီဟာ ထိုင်းနိုင်ငံက ပင်လယ်ရေကြောင်းဆိုင်ရာလော်ဂျစ်စတစ်ကုမ္ပဏီကြီးဖြစ်တဲ့ Prima Marine ကုမ္ပဏီကြီးရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။

 

ဖက်စပ်လုပ်ငန်းတွေကို ပထမမြေရာဖော်ထုတ်ထားတဲ့နယ်မြေနဲ့ ဒုတိယမြေရာဖော်ထုတ်ထားတဲ့နယ်မြေတွေ မှာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး တတိယမြေရာဖော်ထုတ်ထားတဲ့နေရမှာတော့ အခုနှစ် ဇွန်လအတွင်း စတင်ဆောင် ရွက်မယ်လို့ ခန့်မှန်းထားကြောင်း ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (PAT) ရဲ့ ညွှန်ကြားရေးမှူးချုပ် ကရိန်းကရီ ချိုင်းဆီရီဝန်ဆပ်ခ်က ပြောပါတယ်။

 

စီမံချက်ရဲ့ F1 နယ်မြေကို ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီတစ်ခုက ၂၀၂၅ ခုနှစ် နှောင်းပိုင်းလောက်မှာ ဆောင် ရွက်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ် အပြီးတည်ဆောက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

CNNC Joint Venture ကုမ္ပဏီက စက်ကြီး ၆၇ မျိုး၊ လုပ်သားအင်အား ၅၂၀ နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ၁၉.၅၁% ပြီးစီးပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ကရိန်းကရီက အခုနှစ် ဇန်နဝါရီလအ တွင်းက ပြောပါတယ်။

 

“နေ့စဉ်/အပတ်စဉ် လုပ်ငန်းတိုးတက်မှု အကျဉ်းချုပ်တင်ပြဖို့၊ နေ့စဉ်လုပ်ငန်းစီမံချက်အတိုင်းဆောင်ရွက်ဖို့၊ စီမံ ချက်လုပ်ငန်းတည်ဆောက်မှု လုပ်ငန်းကြီးကြပ်ရေးအတွက် ကြီးကြပ်သူနဲ့ လုပ်ငန်းအဖွဲ့ကို အစီရင်ခံဖို့ CNNC Joint Venture ကုမ္ပဏီကို ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (PAT) က ညွှန်ကြားထားပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က လီး (မ်) ချာဘန်းဆိပ်ကမ်းဆန်းစစ်လေ့လာမှုလုပ်နေစဉ်အတွင်း ဝန်ကြီး ချုပ်ဆရက်ထာထာဗီဆင် ချမှတ်ပေးခဲ့တဲ့ လုပ်ငန်းပိုင်းဆိုင်ရာမူဝါဒတွေနဲ့အညီ အခုလို ညွှန်ကြားခဲ့တာဖြစ်တယ် လို့ ၎င်းက ပြောပါတယ်။

 

လီး (မ်) ချာဘန်းဆိပ်ကမ်းအဆင့်မြှင့်တင်တည်ဆောက်မှုလုပ်ငန်းပြီးစီးသွားပြီဆိုရင် လက်ရှိ ပေ ၂၀ ကွန်တိန် နာ ၁၁ သန်း စီမံခန့်ခွဲနေရာကနေ ပေ ၂၀ ကွန်တိန်နာ ၁၈ သန်းအထိ စီမံခန့်ခွဲသွားနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ဒီဆိပ်ကမ်းကြီးဟာ နှစ်စဉ် ကားအစီးရေ ၂ သန်းကနေ ၃ သန်းအထိ တင်ပို့နိုင်ရေးအတွက် ပံ့ပိုးသွား မှာဖြစ်သလို ထိုင်းနိုင်ငံမီးရထားသယ်ယူပို့ဆောင်ရေးအချိုးကိုလည်း စုစုပေါင်းသယ်ယူပို့ဆောင်ရေးအခန်းက ဏ္ဍရဲ့ ၃၀% အထိ တိုးမြှင့်သွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: PAT developing Laem Chabang Port as a world-class facility

 

#PeopleMedia


Share this post