လုပ္ငန္းသုံးလိုင္စင္မရွိဘဲ လုပ္ငန္းသုံး ေျပးဆြဲသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွင့္ ယာဥ္ေမာင္းတို႔အား ဖမ္းဆီးအေရးယူ
PUBLISHED - November 27, 2019
မိုးညႇင္း၊ ႏိုဝင္ဘာ ၂၇
မိုးညႇင္းၿမိဳ႕နယ္အတြင္း လုပ္ငန္းသုံးလိုင္းစင္မရွိဘဲ လုပ္ငန္းသုံးေျပးဆြဲေနသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၂ စီး ႏွင့္ ယာဉ္ေမာင္းျဖစ္သူ ၂ ဦးတို႔ကို တာဝန္ရွိသူမ်ားမွ ဖမ္းဆီးအေရးထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မိုးညႇင္းယာဉ္ထိန္းရဲတပ္ဖြဲ႕စု (၁၀၁)၊ ဟိုပင္နယ္ေျမရဲစခန္း၊ ယာဥ္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဝင္စသည့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားသည္ ယေန႔ ႏိုဝင္ဘာလ ၂၆ ရက္ေန႔၊ နံနက္ပိုင္းက အင္းေတာ္ႀကီး – ဟိုပင္ ကားလမ္း ၈ မိုင္လမ္းဆုံ၌ တာဝန္ထမ္းေဆာင္ေနစဥ္ လုပ္ငန္းသုံးလိုင္းစင္မရွိဘဲ လုပ္ငန္းသုံးေျပးဆြဲေနသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ၂ စီးႏွင့္ ယာဥ္ေမာင္းျဖစ္သူ ၂ ဦးတို႔ကို ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မ်ိဳးလြင္၊ အသက္(၃၆)ႏွစ္၊ (ဘ) ဦးထြန္းခင္၊ သာစည္ရပ္ကြက္၊ နားခါအုပ္စု မိုးညႇင္းၿမိဳ႕ ေနထိုင္သူအား ဟိုပင္နယ္ေျမရဲစခန္းမွ(ပ)၄၁/၂၀၁၉ သြင္းကုန္/ထုတ္ကုန္ဥပေဒပုဒ္မ ၈ ျဖင့္လည္းေကာင္း၊ ေနာင္လတ္(၄၂)ႏွစ္၊ (ဘ)ဦးခံဆိုင္၊ ျမေဇယ်ာရပ္ကြက္ ဟိုပင္ၿမိဳ႕ေနထိုင္သူအား ဟိုပင္နယ္ေျမရဲစခန္းမွ (ပ)၄၂/၂၀၁၉ သြင္းကုန္/ထုတ္ကုန္ ဥပေဒပုဒ္မ ၈ ျဖင့္လည္းေကာင္း အသီးသီး အမႈဖြင့္အေရးယူေဆာင္ရြက္ ထားေၾကာင္း သိရသည္။
မဂၤလာဦး
(Unicode)
လုပ်ငန်းသုံးလိုင်စင်မရှိဘဲ လုပ်ငန်းသုံး ပြေးဆွဲသည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ယာဉ်မောင်းတို့အား ဖမ်းဆီးအရေးယူ
မိုးညှင်း၊ နိုဝင်ဘာ ၂၇
မိုးညှင်းမြို့နယ်အတွင်း လုပ်ငန်းသုံးလိုင်းစင်မရှိဘဲ လုပ်ငန်းသုံးပြေးဆွဲနေသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး နှင့် ယာဉ်မောင်းဖြစ်သူ ၂ ဦးတို့ကို တာဝန်ရှိသူများမှ ဖမ်းဆီးအရေးထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၀၁)၊ ဟိုပင်နယ်မြေရဲစခန်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဝင်စသည့် ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက အင်းတော်ကြီး – ဟိုပင် ကားလမ်း ၈ မိုင်လမ်းဆုံ၌ တာဝန်ထမ်းဆောင်နေစဉ် လုပ်ငန်းသုံးလိုင်းစင်မရှိဘဲ လုပ်ငန်းသုံးပြေးဆွဲနေသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီးနှင့် ယာဉ်မောင်းဖြစ်သူ ၂ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မျိုးလွင်၊ အသက်(၃၆)နှစ်၊ (ဘ) ဦးထွန်းခင်၊ သာစည်ရပ်ကွက်၊ နားခါအုပ်စု မိုးညှင်းမြို့ နေထိုင်သူအား ဟိုပင်နယ်မြေရဲစခန်းမှ(ပ)၄၁/၂၀၁၉ သွင်းကုန်/ထုတ်ကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ နောင်လတ်(၄၂)နှစ်၊ (ဘ)ဦးခံဆိုင်၊ မြဇေယျာရပ်ကွက် ဟိုပင်မြို့နေထိုင်သူအား ဟိုပင်နယ်မြေရဲစခန်းမှ (ပ)၄၂/၂၀၁၉ သွင်းကုန်/ထုတ်ကုန် ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
မင်္ဂလာဦး
#PeopleMedia #EPN