• Follow Us on
Latest News

Home လုပ်ကြံခံရတဲ့ ရုရှားလိုလားသူ ဆလိုဗက်ကီးယားဝန်ကြီးချုပ် အသက်အန္တရာယ်မစိုးရိမ်ရတော့

လုပ်ကြံခံရတဲ့ ရုရှားလိုလားသူ ဆလိုဗက်ကီးယားဝန်ကြီးချုပ် အသက်အန္တရာယ်မစိုးရိမ်ရတော့

Share this post

နိုင်ငံတကာ၊ မေ ၁၆

 

သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ အရေးပေါ်ခွဲစိတ်ကုသမှုခံ ယူပြီးနောက် အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

 

ဝန်ကြီးချုပ်ဖီကိုဟာ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) က ဟန်လိုဗာမြို့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ဒဏ် ရာပြင်းထန်စွာရခဲ့တဲ့အတွက် အနီးဆုံးမြို့က ဆေးရုံကိုပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

 

“ကံကောင်းလို့ပေါ့ဗျာ ဝန်ကြီးချုပ်ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ သူ အသက်ရှင်မယ်လို့ ထင်ပါ တယ်။ လက်ရှိအချိန်မှာတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမရှိတော့ပါဘူး။” လို့ ဒုတိယဝန်ကြီး ချုပ် တိုမက်စ်တာရာဘာက BBC ကို ပြောပါတယ်။

 

“ဒဏ်ရာက အတော်ပြင်းတယ်။ ကျည်တစ်တောင့်က ဝမ်းဗိုက်ကိုဖောက်သွားတယ်။ နောက်ထပ် ကျည်တစ် တောင့်က ဂျိုင်းဆက်ကို ထိသွားတယ်။ သူ့ကို ချက်ချင်းပဲ ဆေးရုံပို့ပြီး ခွဲစိတ်နိုင်ခဲ့ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

ဟန်လိုဗာမြို့က အစိုးရအစည်းအစည်းကျင်းပခဲ့တဲ့ ယဉ်ကျေးမှုစင်တာအဆောက်အဦရှေ့မှာ လူတစ်ယောက် က သေနတ်နဲ့ လေးငါးချက်ပစ်ခတ်ခဲ့တာဖြစ်ကြာင်း TASR သတင်းဌာနက ပြောပါတယ်။

 

သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းရဲ့အမည်နဲ့ အခုလိုလုပ်ကြံသတ်ဖြတ်ရတဲ့အကြောင်းရင်းကို တော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ သေနတ်သမားဟာ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ စနစ်တကျ ကြိုတင်ပြင် ဆင်ထားတာဖြစ်ကြောင်း ဆလိုဗက်ကီးယန်းသတင်းထောက် ထိုမက်စ်ဗာနီယက်ခ်က SkyNews သတင်းဌာန ကို ပြောပါတယ်။

 

ဝန်ကြီးချုပ်ဖီကိုက အဆောက်အဦအပြင်ဘက်ကိုထွက်ပြီး ဒေသခံတွေကို နုတ်ဆက်တဲ့အချိန်မှာ လူအုပ်ထဲက သေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသမီဒီယာ JOJ ရုပ်သံဌာနက ပြောပါတယ်။

 

အသက် ၅၉ နှစ်အရွယ် ဝန်ကြီးချုပ်ရောဘတ်ဖီကိုဟာ ရုရှားလိုလားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယူကရိန်းစစ် ပွဲမှာ ယူကရိန်းကို အနောက်နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာကိုလည်း ဝေဖန်ခဲ့သူဖြစ်ပါ တယ်။

 

ဖီကိုဝန်ကြီးချုပ်ဖြစ်လာပြီးနောက် နိုင်ငံခြားရေးဝါဒပြောင်းလဲလာပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ နေတာတွေ ချက်ချင်းရပ်ဆိုင်းမယ်လို့ ကတိပြုခဲ့သူဖြစ်ပါတယ်။

 

Ref: Slovakia’s prime minister no longer in life-threatening condition after surgery

 

#PeopleMedia


Share this post