• Follow Us on

Home လုပ်ကြံသတင်းထုတ်လွှင့်တဲ့အတွက် တရုတ်သံတမန်တွေကို နိုင်ငံက နှင်ထုတ်ဖို့ ဖိလစ်ပိုင်ဆင့်ခေါ်ထား

လုပ်ကြံသတင်းထုတ်လွှင့်တဲ့အတွက် တရုတ်သံတမန်တွေကို နိုင်ငံက နှင်ထုတ်ဖို့ ဖိလစ်ပိုင်ဆင့်ခေါ်ထား

Share this post

နိုင်ငံတကာ၊ မေ ၁၁

 

နိုင်ငံရဲ့ဥပဒေနဲ့ သံတမန်လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး လုပ်ကြံသတင်းတွေထုတ်လွှင့်တယ်ဆိုတဲ့စွပ်စွဲ ချက်နဲ့ တရုတ်သံတမန်တွေကို နိုင်ငံတွင်းကနှင်ထုတ်ဖို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီက သောကြာနေ့ (မေလ ၁၀ ရက်နေ့) က ဆင့်ခေါ်လိုက်ပါတယ်။

 

တရုတ်သံရုံးရဲ့လုပ်ရပ်တွေဟာ ပြင်းထန်တဲ့အရေးယူအပြစ်ပေးမှုတွေမလုပ်ဘဲ လွှတ်ပေးလိုက်လို့မရကြောင်း အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ အက်ဒဝါဒိုအန်နိုက ထုတ်ပြန်ချက်မှာပြောပါတယ်။

 

တရုတ်သံတမန်တစ်ဦးနဲ့ ဖိလစ်ပိုင်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုတစ် ခုအကြောင်း ဖုန်းလိုင်းကတစ်ဆင့် ဆွေးနွေးရာမှာ ရေတပ်ဗိုလ်ချုပ်ကြီးက တရုတ်နိုင်ငံဘက်ကို အလျှော့ပေး လိုက်လျောခဲ့တယ်ဆိုပြီး ပေါက်ကြားခဲ့တယ်ဆိုတဲ့ အခုသီတင်းပတ်အတွင်းထွက်ပေါ်ခဲ့တဲ့သတင်းကို အန်နိုက ရည်ညွှန်းပြောဆိုပါတယ်။

 

အန်နိုရဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီး တရုတ်သံရုံးက ချက်ချင်းတုံ့ပြန်ပြောကြားတာမရှိပါဘူး။

 

ရိုက်တာသတင်းဌာနအနေနဲ့ ဖုန်းသတင်းပေါက်ကြားမှုဆိုတာ မကြားရသလို အွန်လိုင်းပေါ်မှာ စာနဲ့ရေးသား ဖော် ပြထားတာကိုလည်း အတည်မပြုနိုင်ပါဘူး။

 

ဖုန်းလိုင်းပေါ်ကပြောဆိုတာဟာ ဇန်နဝါရီလအတွင်းက ပြောဆိုခဲ့တာဖြစ်ပြီး စာနဲ့ရေးသားထားတာကတော့ အ မည်မဖော်လိုတဲ့ တရုတ်အရာရှိတစ်ဦးက ရေးသားထားတာလို့ ဆိုပါတယ်။

 

သဘောထားကွဲလွဲပြီး စည်းလုံးညီညွတ်မှုပြိုကွဲအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တရုတ်သံရုံးဟာ “လုပ်ကြံသတင်း၊ သတင်းမှားနဲ့ မလျော်ကန်တဲ့သတင်းတွေကို အကြိမ်ကြိမ်ဖြန့်ဖြူးနေကြောင်း ဖော်ပြချက်မှာ စွပ်စွဲထားပါတယ်။

 

“ဖိလစ်ပိုင်ဥပဒေနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်ရာမှာ တာဝန်ရှိတဲ့ တရုတ်သံရုံးကဝန်ထမ်းတွေနဲ့ ဆိုးရွားတဲ့သြဇာလွှမ်းမိုးမှုနဲ့ ကြားဖြတ်ဝင်ရောက်နှောင့်ယှက်တဲ့လုပ်ငန်းတွေအ တွက် တာဝန်ရှိတဲ့ဝန်ထမ်းတွေကို နိုင်ငံတွင်းက ချက်ချင်း နှင်ထုတ်ပစ်ရမှာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တရုတ်နဲ့ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်အတွင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတစ် ထွေးကြီးနဲ့ ပတ်သက်ပြီး ဆက်ဆံရေး မပြေမလည်ဖြစ်နေကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

တရုတ်ကလည်း အဲဒီအငြင်းပွားရေပိုင်နက်ထဲမှာ ကမ်းခြေစောင့်တပ်တွေ ကင်းလှည့်နေသလို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက အားပေးအားမြှောက်ပြုနေတဲ့ ဖိလစ်ပိုင်ကလည်း အဲဒီရေပိုင်နက်မှာပဲ ကင်းလှည့်နေကြ ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ချိုးဖောက်ပြီး ပိုင်နက်ကျူးကျော်နေကြောင်း တရုတ်ဘက်က စွပ်စွဲပါတယ်။

 

တရုတ်နိုင်ငံဟာလည်း ဖိလစ်ပိုင်နိုင်ငံရဲ့အတွင်းပိုင်းဖြစ်တဲ့ သီးသန့်စီးပွားရေးဇုံ မိုင် ၂၀၀ ဝန်းကျင်ကို ကျူးကျော် လျက်ရှိကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုပါတယ်။

 

Ref: Philippines calls for Chinese diplomats to be expelled for disinformation

 

#PeopleMedia


Share this post