လုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်က ဗီတိုအာဏာနဲ့ ပယ်ချ၊ ကုလသမဂ္ဂက အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို အရေးယူဖို့ ထပ်မံပျက်ကွက်
PUBLISHED - October 26, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
အောက်တိုဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးကောင်စည်အစည်းအဝေးမှာ အမေရိကန်ရဲ့ တောင်းဆို ချက်ကို ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီး လုံခြုံရေးကောင်စီဟာ အစ္စရေး-ဟားမတ်စစ်ပဋိပက္ခကို အရေးယူဖို့ ထပ်မံပျက်ကွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကိုယ်ပိုင်ဗီတိုအာဏာကို ကျင့်သုံးခဲ့တဲ့ အစ္စရေးရဲ့ သမိုင်းဝင် ကျောထောက်နောက်ခံ အမေရိကန်ဟာ ဂါဇာကမ်းမြောင်ကို အကူအညီပေးအပ်ဖို့အတွက် ” လူသားချင်းစာနာထောက်ထားမှု ယာယီ အပစ်အခတ်ရပ်စဲရေး” နဲ့ အစ္စရေးကို “စုပေါင်း” ခုခံကာကွယ်ပိုင်ခွင့် ပေးအပ်ဖို့အတွက် လုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ မူကြမ်းဟာ အပြည့်အ၀ အပစ်အခတ်ရပ်စဲဖို့ မတောင်းဆိုခဲ့တဲအတွက် ရုရှားက “လေးစားမှုအပြည့်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေရှည်အပစ်အခတ်ရပ်စဲရေး” ကို ချက်ချင်းလုပ်ဆောင်ဖို့နဲ့ “အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် ရန်လိုမှုများအားလုံးကို ရှုတ်ချ” တဲ့ ကိုယ်ပိုင်အဆိုပြုချက်ကို တင်ပြခဲ့ပါတယ်။
အဖွဲ့ဝင် ၁၅ ဦးရှိတဲ့ အစည်းအဝေးမှာ နိုင်ငံဆယ်နိုင်ငံက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပေမယ့် ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာကို ကျင့်သုံးခဲ့ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုက အမေရိကန်ကို ကန့်ကွက်မဲပေးခဲ့ပြီး ဘရာဇီးနဲ့ မိုဇမ်ဘစ်တို့ကတော့ ကြားနေခဲ့ပါတယ်။
“အစ္စရေးရဲ့ ဂါဇာကမ်းမြောင် မြေပြင်ထိုးစစ်မှာ အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် တွေကို သြဇာလွှမ်းမိုးတာမျိုး မလိုလားဘူးဆိုတာ သိသာထင်ရှားပါတယ်” လို့ ရုရှားကိုယ်စားလှယ် ဗာဆယ်လီ က ပြောကြားခဲ့ပါတယ်။
“ဒီအလွန်တရာ နိုင်ငံရေးဆန်တဲ့ စာတမ်းမှာ အရပ်သားတွေကို ကယ်တင်ဖို့မဟုတ်ဘဲ ဒေသတွင်းမှာ အမေရိ ကန်ရဲ့ နိုင်ငံရေး အနေအထားကို မြှင့်တင်ဖို့ ရည်ရွယ်ချက်တစ်ခု ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ရှင်းရှင်းလင်း လင်း ဖော်ပြထားပါတယ်” လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါကတော့ ရုရှားနဲ့ တရုတ်တို့ရဲ့ ဗီတိုအာဏာသုံးမှုကို အလွန်စိတ်ပျက်မိကြောင်း နယူယောက်မြို့က အစည်းအဝေးမှာ ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ အခြားကောင်စီဝင်နိုင်ငံတွေနဲ့ ဆွေးနွေးပြီးတိုင်ပင်ပြီးနောက် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ပြစ်တင်ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားဟာ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့ ပြဿနာရှာနေတဲ့အပြင် “ရိုင်းစိုင်းပြီး တာဝန်မဲ့တဲ့ အပြုအမှုတွေသာ” ပြုလုပ် နေတယ်လို့ လင်ဒါက စွပ်စွဲပြစ်တင်ခဲ့ပါတယ်။
လုံခြုံရေးကောင်စီမှာ ရုရှားအဆိုပြုခဲ့တဲ့ မှုကြမ်းကိုတော့ ရုရှား၊ တရုတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ ဂါဘွန်တို့ကသာ မဲပေးခဲ့ကြပြီး အမေရိကန်ရဲ့ မဟာမိတ် ပြစ်သစ်နဲ့ ဂျပန်အပါအဝင် အခြားကိုးနိုင်ငံက မဲမပေး ဘဲ နေခဲ့ကြတယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ ဆိုးရွားတဲ့အခြေအနေတွေကို လုံခြုံရေးကောင်စီအနေနဲ့ ပြတ်ပြတ်သားသားတုံ့ပြန်ဖို့ လိုအပ်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု သံအမတ်ကြီး လာနာ နုဆီဗာ က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲအတွင်း အစ္စရေးနိုင်ငံမှာ လူပေါင်း ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ဂါဇာကမ်းမြောင်မှာလည်း ပါလက်စတိုင်း ၆,၅၄၆ ဦး သေဆုံးခဲ့ပါတယ်။
Ref; AFP
#PeopleMedia