လုံခြုံရေးကောင်စီရဲ့ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ အတွက် အမေရိကန် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ
PUBLISHED - February 23, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃
ဂါဇာဒေသမှာ အစ္စရေးထိုးစစ်ရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာသုံးပြီး ထပ်မံကန့်ကွက်ခဲ့တဲ့အတွက် အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေကရော မဟာမိတ် နိုင်ငံတွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်နေ့) က အမေရိကန်က တတိယအကြိမ်မြောက် ဗီတိုအာဏာသုံး ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်းဒေသက အစ္စရေးဓားစာခံတွေ ပြန်လည်လွတ်မြောက်စေရေးအတွက် ဆက်နွယ်နေတဲ့ ဂါဇာဒေ သ ယာယီအပစ်အခတ်ရပ်စဲရေးဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အဆိုပြုလိုက်ပြီး တစ်ရက်အကြာမှာပဲ အခု လို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းထွက်ပေါ်လာတာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အနက် ဗြိတိနိုင်ငံက မဲမပေးဘဲ ကျန်တဲ့ ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပေမဲ့ အမေရိကန်က ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့တဲ့အတွက် ပါလက်စတိုင်းလူဦးရေ ၂၉၀၀၀ ကျော် သေဆုံးသွားပြီဖြစ်တဲ့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားက ထောက်ခံနေတယ်ဆိုတာ ထင်ထင်ရှားရှား သက်သေပြလိုက်တာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဗီတိုအာဏာသုံးကန့်ကွက်မှုကို လုံးဝသဘောမတူဘဲ အလွန်စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ ဆိုင်ရာတရုတ်ကိုယ်စားလှယ် ကျောင်းချင်းက ပြောပါတယ်။
“အမေရိကန်ရဲ့ ဗီတိုအာဏာဟာ ဂါဇာဒေသရဲ့ အခြေအနေတွေကို ပိုမိုဆိုးရွားပြီး အန္တရာယ်တွင်းထဲရောက် အောင်တွန်းပို့လိုက်တဲ့ မှားယွင်းတဲ့သတင်းအချက်အလက်ပဲဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးကို ပယ်ချတယ် ဆိုတာဟာ သားသတ်သမားတွေကို မီးစိမ်းပြလိုက်တာနဲ့ ဘာမှမထူးပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်ရဲ့ ဗီတိုအာဏာဟာ လုံခြုံရေးကောင်စီသမိုင်းစာမျက်နှာမှာ နောက်ထပ် စာမျက်နှာမဲတစ်ခုထပ်မံ ရေးထိုးလိုက်တာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီနဘန်ဇီယာက ပြောပါတယ်။
အစ္စရေးက ပါလက်စတိုင်းတွေကို ဂါဇာဒေသကနေ လူမဆန်စွာရှင်းထုတ်နေတာကို အောင်မြင်စွာဆောင်ရွက် နိုင်ဖို့အတွက် အမေရိကန်က အချိန်ဆွဲကစားနေတယ်လု့ိ ၎င်းက ပြောပါတယ်။
ဂါဇာဒေသက ဆိုးရွားလွန်းလှတဲ့အခြေအနေတွေကိုကြည့်လိုက်ရင် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လက်မခံနိုင် တာဟာ စိတ်မကောင်းစရာပဲလို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်ကိုယ်စားလှယ် နစ်ကလပ်ဒီရီဗီးယားက ပြောပါ တယ်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုထောက်ခံခဲ့တဲ့ ပြင်သစ်နိုင်ငံက ဓားစာခံတွေအားလုံး လွတ်မြောက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ၎င်းက ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ နောက်ထပ်တစ်ကြိမ် ကျရှုံးခဲ့ပြီဖြစ်ပြီး ဒီလိုကြိုးပမ်းမှုကြောင့် အရှေ့အလယ် ပိုင်းဒေသအတွက် အလွန်ကြီးမားတဲ့ နောက်ဆက်တွဲအကျိုးရလဒ်တွေ ဖြစ်ပေါ်လာနိုင်ခဲ့သင့်တယ်လို့ အယ်လ် ဂျီးရီးယား ကိုယ်စားလှယ် အေမာဘန်းဂျာမာက ပြောပါတယ်။
“ဒီကနေ့ ကျွန်တော်တို့ပြောချင်တာက ပါလက်စတိုင်းလူမျိုးတွေကိုသတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့အတွက် ချက်ချင်းအပစ်အခတ်ရပ်စဲဖို့တောင်းဆိုခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်သင့်တယ်လို့ ပြော ချင်ပါတယ်။ ဒီကနေ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ဒေသနဲ့ ကမ္ဘာကြီးအတွက် မနက်ဖြန်မှာ တန်ဖိုးတစ်ခု ပေးဆပ်ရမှာဖြစ်လို့ အခုလိုတောင်းဆိုမှုမျိုးကို ပယ်ချလိုက်တဲ့သူတွေဟာ သူတို့ရဲ့မူဝါဒနဲ့ တွက် ချက်မှုတွေကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အဲဒီပေးဆပ်ရမှာက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေပဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်ပါ။ ကိုယ့်လိပ်ပြာကိုယ်လုံရဲ့လား ပြန်စစ်ဆေးကြည့်ပါ။ ဒီကနေ့ဆုံး ဖြတ်ချက်က ဘာတွေဖြစ်လာမလဲ၊ သမိုင်းက သင်တို့ကို ဘယ်လိုဆုံးဖြတ်မလဲ။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်ရဲ့ဗီတိုအာဏာနဲ့ ပယ်ချမှုဟာ အလွန်စိတ်မကောင်းစရာပဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက် စတိုင်းကိုယ်စားလှယ် ရီးယဒ်မန်ဆိုအာရ်က အယ်ဂျာဇီးယားသတင်းဌာနကိုပြောပါတယ်။
“လူသားချင်းစာနာမှုလို့ပဲ ခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် ကြိုက်သလိုခေါ်ပါ။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြု ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းအားလုံးနီး ပါးနဲ့ အထွေထွေညီလာခံက နိုင်ငံအများအပြားက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
“လုံခြုံရေးကောင်စီက အစ္စရေးကို သတင်းအချက်အလက်အမှားကြီးကို ပေးပို့ရတော့မယ်။ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအစိတ်အပိုင်းအားလုံးရဲ့ တံခါးတွေကို ကျွန်တော်တို့ ဆက်ခေါက် သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံရဲ့အဆိုပြုချက်မူကြမ်းကို ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အမေရိကန်အစိုးရက ပယ်ချလိုက်တာ ဟာ ပါလက်စတိုင်းတွေကို သတ်ဖြတ်/မောင်းထုတ်နေတဲ့ အစ္စရေးတွေရဲ့ ကျူးကျော်သိမ်းပိုက်ရေးအစီအစဉ်အ တွက် အကျိုးကျေးဇူးရစေကြောင်း ပါလက်စတိုင်းဟားမတ်စ်အဖွဲ့က ပြောပါတယ်။
အမေရိကန်ရဲ့ဗီတိုအာဏာသုံးပယ်ချမှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံတာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေ သမှာ ကျူးကျော်စစ်ဆင်နွှဲနေတဲ့ အစ္စရေးတွေရဲ့ ကျူးကျော်မှုကို ဆက်လက်ဆောင်ရွက်ဖို့ မီးစိမ်းပြလိုက်တာ ဖြစ်ကြောင်း ပါလက်စတိုင်းသမ္မတမိုဟာမက်အက်ဘတ်စ်ရုံးက ထုတ်ပြန်ကြေညာပါတယ်။
အယ်လ်ဂျီးရီးယားရဲ့အဆိုပြုချက်မူကြမ်းကို လုံခြုံရေးကောင်စီက အောင်မြင်အောင်မဆောင်ရွက်နိုင်တာ စိတ်မ ကောင်းဖြစ်မိပြီး ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေးရရှိဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ဆို တာကတိပြုပါကြောင်း ကုလသမတဆိုင်ရာကာတာသံအမတ်ကြီး အယ်ယာ အာမက် ဆီယက်ဖ်သာနီက ပြော ပါတယ်။
အမေရိကန်ရဲ့ဗီတိုအာဏာသုံးပယ်ချမှုအတွက် ဝမ်းနည်းကြောင်း၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းသိမ်းဆောင် ရွက်ရာမှာ ဂုဏ်သိက္ခရှိရှိနဲ့ စံနှုန်းနှစ်မျိုးမထားဘဲ တာဝန်တွေထမ်းဆောင်နို်င်ဖိုှု့အတွက် လုံခြုံရေးကောင်စီကို ပြန်လည်ပြုပြင်ဖွဲ့စည်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။
လုံခြုံရေးကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လက်မခံနိုင်တာ ဟာ ဝမ်းနည်းစရာဖြစ်ကြောင်း၊ ဂါဇာဒေသမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ ဆိုင်ရာနော်ဝေ မစ်ရှင်အဖွဲ့က ပြောပါတယ်။
ဗီတိုအာဏာသုံးပယ်ချမှုဟာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အမေရိကန်က ကြံရာပါဖြစ်တယ်ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ပြောဆိုရင်း ကျူးဘားသမ္မတမီဂဲလ်ဒီးယဇ် ကန်နယ်လ်ဘာမျူဒါက အမေရိကန်ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ပါလက်စတိုင်းအရပ်သားတွေကို ကာကွယ်ဖို့ အခွင့်အလမ်းရှိခဲ့ပေမဲ့ လုံခြုံရေးကောင်စီ မှာ ဆန့်ကျင်ဘက်လမ်းကြောင်းကိုပဲ ရွေးချယ်သွားခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ညွှန်ကြားရေးမှူး အက်နီးကလာမာဒ်က ပြောပါတယ်။
ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ထောက်ခံနေတဲ့ ဘိုင်ဒန်ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့အတွက် အမေရိ ကန်မူဆလင်တွေမှာ “ပြောစရာ စကားလုံးတောင်မရှိတော့ဘူး” လို့ အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီ ညွှန်ကြားရေးမှူး နီဟဒ်အဝဒ်က ပြောပါတယ်။
“ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က အခုလိုနောက်ဆုံးအကြိမ် ဗီတို အာဏာသုံးကန့်ကွက်လိုက်တာဟာ အင်မတန်ရှက်စရာကောင်းပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဘင်ဂျမင်နတန် ယာဟုရဲ့ ကာကွယ်ရေးရှေ့နေလိုမျိုး ပြုမူဆောင်ရွက်နေတာတွေကို ရပ်တန်းက ရပ်ပြီး အမေရိကန်ပြည်ထောင် စုရဲ့ သမ္မတတစ်ယောက်လိုပဲ စတင်ပြုမူဆောင်ရွက်သင့်ပါပြီ။” လို့ ၎င်းက ပြောပါတယ်။
Ref: World slams US ceasefire veto at UN Security Council on Israel’s Gaza war
#PeopleMedia