လုံခြုံရေးကျိုးပေါက်မှာစိုးတဲ့အတွက် ပြည်တွင်းထုတ် ဒရုန်းတွေမှာ တရုတ်ထုတ်စက်ပစ္စည်းအစိတ်အပိုင်းတွေ မတပ်ဆင်ဖို့ အိန္ဒိယအစိုးရတားမြစ်ပိတ်ပင်

PUBLISHED - August 10, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၀
လုံခြုံရေးကျိုးပေါက်မှာစိုးရိမ်တဲ့အတွက် စစ်ဘက်ဆိုင်ရာ ဒရုန်းတွေထုတ်လုပ်ရာမှာ တရုတ်နိုင်ငံထုတ်စက် ပစ္စည်းအစိတ်အပိုင်းတွေ ထည့်သွင်းတပ်ဆင်ခြင်းမလုပ်ဖို့ အိန္ဒိယနိုင်ငံကကုမ္ပဏီတွေကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ထားပါတယ်။
အိန္ဒိယနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်တွေမှာ တရုတ်ထုတ်စက်ပစ္စည်းအစိတ်အပိုင်းတွေတပ်ဆင်လိုက်မယ် ဆိုရင် ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ကျိုးပေါက်သွားမှာကို အိန္ဒိယခေါင်းဆောင်တွေက စိုးရိမ် ပူပန်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားလှယ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ထည့်သွင်းတပ်ဆင်ခြင်းမပြုဖို့ တားမြစ်ပိတ်ပင်ထားတဲ့ပစ္စည်းတွေထဲမှာ ဒရုန်းကင်မရာတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ရေဒီယိုအသံလွှင့်ပစ္စည်းတွနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာဆော့ဖ်ဝဲတွေပါဝင်တယ်လို့ဆိုပါတယ်။
လုံခြုံရေးဆိုင်ရာအားနည်းချက်တွေရှာဖွေတွေ့ရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီး ချင်းနိုင်ငံတွေက စက်ပစ္စည်းအစိတ်အပိုင်းတွေကို လက်ခံမှာမဟုတ်ကြောင်း လေလံဆွဲမယ့်ကုမ္ပဏီ်တွေကို အိန္ဒိယ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
ဒရုန်းထုတ်လုပ်ရောင်းချမယ့်ကုမ္ပဏီ်တွေအနေနဲ့ အိန္ဒိယတပ်မတော်ကို အဆိုပြုလွှာလျှောက်ထားတဲ့အချိန်မှာ တင်ပြခဲ့တဲ့အတိုင်း ဒရုန်းတွေမှာအသုံးပြုမယ့် မူရင်းစက်ပစ္စည်းအစိတ်အပိုင်းတွေကို လက်ရှိအချိန်မှာ ထုတ် ဖော်ပြသရမှာဖြစ်ကြောင်း ၎င်းတို့က ပြောပါတယ်။
အိန္ဒိယအစိုးရဟာ ပြည်တွင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ်တွေကို အားပေးထောက်ပံ့ရင်း အိန္ဒိယ အစိုးရဟာ အိန္ဒိယတပ်မတော်အဆင့်မြှင့်တင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ကြီးမားစွာဆောင်ရွက်ခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ အခုနှစ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ ဘတ်ဂျက်ငွေ အိန္ဒိယရူပီး ၁.၆ ထရီလီယန် (ဒေါ်လာ ၁၉.၇၇ ဘီလျံ) လျာထားပါတယ်။
တရုတ်ထုတ်စက်ပစ္စည်းကိရိယာတွေမသုံးဖို့ ပိတ်ပင်တားမြစ်လိုက်တဲ့အတွက် အိန္ဒိယကုမ္ပဏီ်တွေဟာ လိုအပ် တဲ့ပစ္စည်းတွေကို တခြားကုမ္ပဏီ်တွေဆီက ဈေးကြီးကြီးနဲ့ ဝယ်ယူရမှာဖြစ်လို့ စစ်ဘက်ဆိုင်ရာဒရုန်းတွေ ထုတ် လုပ်ရာမှာ ကုန်ကျစရိတ်ကြီးမားလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ပြည်ပနိုင်ငံကကုမ္ပဏီ်တွေအပေါ် အများအပြားမှီခိုအားထားနေရတဲ့အတွက် အခုလို စစ်ဘက်ဆိုင်ရာဒရုန်းထုတ်လုပ်မှုဟာ ကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်းမှာ ပြည်တွင်းထုတ်စက်ပစ္စည်းတွေ မရနိုင်တဲ့အတွက် အစိုးရရဲ့ အမြင့်ပေအလယ်အလတ်ကနေ တာ ဝေးပျံသန်းနိုင်တဲ့ ပြည်တွင်းထုတ်ဒရုန်းထုတ်လုပ်ရေး စီမံချက်ဟာ ငါးနှစ်ထက်မနည်း ကြန့်ကြာခဲ့ဖူးကြောင်း သိရပါတယ်။
Ref: India Bans Use of Chinese Parts on Military Drones over Security Concerns
#PeopleMedia