• Follow Us on

Home လုံခြုံရေးဆိုင်ရာအချက်အလက်များပေါက်ကြားအောင်ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူရမည်ဟု နစကဥက္ကဋ္ဌပြောကြား

လုံခြုံရေးဆိုင်ရာအချက်အလက်များပေါက်ကြားအောင်ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူရမည်ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၆

 

လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပသည့်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

“လုံခြုံရေးနဲ့ ပတ်သက်ပြီးလည်း အထူးဂရုပြုဆောင်ရွက်စေလိုပါတယ်။ မိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ မပေါက်ကြားစေဖို့ အလေးထားဆောင်ရွက်စေလိုပါတယ်။ လုံခြုံရေးဆိုင်ရာအချက် အလက်တွေ ပေါက်ကြားအောင် ပြုလုပ်သူတွေကိုလည်း ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

လုံခြုံမှုရှိသည့်ဒေသများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် တရားဥပဒေစိုးမိုးမှု လျော့ပါးလျက်ရှိသည့် မြို့နယ်များနှင့် ဒေသများလည်းရှိကြောင်း၊ လူတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက လုံခြုံရေးဆိုင်ရာကိစ္စများ အားကောင်းလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ အဆင့်ဆင့်တို့တွင် လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ သွားလာဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံ ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တကျနေထိုင် ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့ နည်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post