• Follow Us on

Home လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

Share this post

နေပြည်တော်၊ ဧပြီ ၅

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့ ပေးအပ်လျက်ရှိရာ ယမန်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများဂုဏ်ပြု ပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်း လောင်းရိပ်သာ၌ ပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဒုတိယ ဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထို့နောက် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းသုံးရာ့လေးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သုံးဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ်သည်။

 

အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post