• Follow Us on

Home လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ၂၇ ဦးက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်လာရောက်ပေးအပ်

လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ၂၇ ဦးက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်လာရောက်ပေးအပ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် စေတနာရှင်အလှူရှင်များက  ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုချီးမြှင့်ပေးအပ်လျက်ရှိ သည်။

 

ထိုသို့ ပေးအပ်လျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခြင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၂၇ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ၅၁၄၈၂၅၃၈၀၀ ကျပ်နှင့် စားသောက်ဖွယ်ရာများအား ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

#PeopleMedia


Share this post