• Follow Us on

Home လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌမှာကြား

လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူး ဗိုလ်ချုပ်  ဇော်မင်းလတ်၊ တပ်မတော်အရာရှိများနှင့် တွေ့ဆုံစဉ်မှာကြားလိုက်သည်။

 

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် လမ်းတံတားများ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ KNPP၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့် အခြားမြို့များအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းသမားများထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် PDF များအမည်ခံအကြမ်းဖက်သမား များ အလင်းဝင်ရောက်လာမှု၊ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင် ရွက်နေရန်လိုကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများမရှိအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ အလားတူ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

 

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခင်ကတည်း ကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသတည်ငြိမ် အေးချမ်းမှုများကို နိုင်ငံတော်၊ တပ်မတော် နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဒေသများ အတွင်း၌လည်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ် စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အကြမ်းဖက်မှုများကိုကျူးလွန်လျက်ရှိ သည့် MNDAA လက်နက်ကိုင် သောင်ကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင် သောင်းကျန်း သူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ဆက်နွယ်နေသူများအနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေးနေကြသူများပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများ အတွက် ကောင်းမွန်သောပြည်သူ့ရေးရာဝန်ဆောင်မှု ဖြစ်စေရန်နှင့် ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန် မှာကြားခဲ့သည်။

 

#PeopleMedia


Share this post