လုံခြုံရေးအစီအစဉ်သစ်အရ ဂျပန်က ဘင်္ဂလားဒေ့ရှ်ကို ကင်းလှည့်ရေယာဉ် ၄ စီး ပေးအပ်မယ်

PUBLISHED - November 21, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁
ဂျပန်အစိုးရဟာ တရားဝင်လုံခြုံရေးထောက်ပံ့မှု (OSA) လို့ ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သစ်တစ်ခု အရ ဘင်္ဂလားဒေ့ရှ်ကို ကင်းလှည့်ရေယာဉ် ၄ စီး ပေးအပ်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မူဘောင်သစ်ဟာ ဂျပန်နိုင်ငံက လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဖို့ နည်းလမ်းတစ်ခုအဖြစ် သူနဲ့ သဘောထားအမြင်တူညီတဲ့ နိုင်ငံတွေကို ကာကွယ်ရေးဆိုင်ရာ ကိရိယာတွေနဲ့ တခြားပစ္စည်းတွေကို ပေး အပ်ခွင့်ပြုဖို့ ရေးဆွဲထားလို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ဒီကင်းလှည့်ရေယာဉ်တွေကို စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေးတွေသာမက ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက်လည်း အသုံးပြုမှာဖြစ်တယ်လို့ ဂျပန်အရာရှိတွေက ပြောပါတယ်။
ကာကွယ်ရေးကိရိယာဆိုင်ရာ အရင်းအမြစ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်အပေါ် အားကိုးနေ ရမှုကို လျှော့ချဖို့ ကြိုးပမ်းနေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေး ဒီအခွင့်အရေးကို အသုံးချနိုင်ဖို့ မျှော်လင့်နေပုံရပါတယ်။
အခုလ အစောပိုင်းမှာ ဂျပန်က ဖိလစ်ပိုင်နဲ့ ထိပ်သီးအစည်းအဝေးမှာ OSA မူဘောင်အောက်မှာ ကမ်းခြေစောင့် ကြပ်ရေး ရေဒါစနစ်ကို ပေးအပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ဂျပန် အရာရှိတွေက သူတို့အနေနဲ့ OSA မူဘောင်အောက်က သဘောတူညီချက်တွေ အခုနှစ်ကုန်နောက်ဆုံး ထားပြီးရရှိဖို့ မလေးရှား၊ ဖီဂျီတို့နဲ့လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
source;nhk
#PeopleMedia