လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်
PUBLISHED - May 2, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်တန်းကျေးရွာ၌ AA နှင့်ပတ်သက်၍ မင်္သကာဖွယ်ရာ အမျိုးသာ (၂၇၅) ဦးကို လုံခြုံရေးအဖွဲ့များက ဧပြီ(၃၀)ရက်နေ့၌ စစ်ဆေးလျှက်ရှိပါတယ်။
ထို့အတူ မေ(၁)ရက်နေ့ ညပိုင်းက ကျောက်တန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့များနှင့်ဒေသ ခံများ နှစ်ဖက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး လူသေဆုံးမှုနှင့်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ပါတယ်။
အဆိုပါ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းသည် ဒေသခံများမှလုံခြုံရေးတပ်ဖွဲ့များ၏ လက်နက်လုရန်ဆောင်ရွက်လာခြင်း၊လုံခြုံရေးတပ်ဖွဲ့များကို ဝိုင်းဝန်တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လူထုမီဒီယာကို ပြောဆိုခဲ့ပါ တယ်။
လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသရန် ပို့ဆောင်နေခြင်းဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/581669925664239/