• Follow Us on

Home လုံခြုံရေးအခြေအနေကြောင့် ဘဏ္ဍာငွေ မဖြည့်တင်းနိုင်၍ ဖားဆောင်းမြို့နှင့် ဘောလခဲမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ လစာငွေ မရရှိသည်မှာ ၂ လ ရှိလာပြီဟုဆို

လုံခြုံရေးအခြေအနေကြောင့် ဘဏ္ဍာငွေ မဖြည့်တင်းနိုင်၍ ဖားဆောင်းမြို့နှင့် ဘောလခဲမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ လစာငွေ မရရှိသည်မှာ ၂ လ ရှိလာပြီဟုဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

ကယားပြည်နယ်၌ ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ဘဏ္ဍာငွေ မဖြည့်တင်းနိုင်၍ ဖားဆောင်းမြို့နှင့် ဘော လခဲမြို့ရှိ နိုင်ငံ့ဝန်ထမ်းများသည် လစာငွေ မရရှိသည်မှာ ၂ လ ရှိလာပြီလို့ အဆိုပါဒေသ၌ တာဝန်ကျ ဝန်ထမ်း တစ်ဦးက People Media သို့ ပြောပါတယ်။

 

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ People Media က မြန်မာ့စီးပွားရေးဘဏ်၏ ဝန်ထမ်းအကြီးအကဲတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ”လမ်းလုံခြုံရေးအခြေအနေကြောင့် လွိုင်ကော်စီးပွားရေးဘဏ်ကနေ ဖားဆောင်းစီးပွား ရေးဘဏ်နဲ့ ဘော်လခဲစီးပွားရေးဘဏ်ကို ငွေမဖြည့်နိုင်တဲ့အခြေအနေဖြစ်နိုင်ပါတယ်။ ဒီကိစ္စတွေက မကြာမှီ မူလအတိုင်း လည်ပတ်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

အဆိုပါ ဖားဆောင်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများသည် လစာငွေမရရှိမှုနှင့်ပတ်သက်၍ ဝန်ထမ်းတစ်ဦးက “လစာ ငွေ မရရှိတာ နှစ်လရှိပါပြီ။ နိုင်ငံ့ဝန်ထမ်းတွေ CDM ပြုလုပ်ဖို့ ဒေသရှိ PDF တွေက ဖိအားပေးမှုတွေ ရှိနေပါ တယ်။ ဒီလိုအခြေအနေအပေါ် အောက်ခြေက အကြီးအကဲ သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းနေသော်လည်း ထိရောက်မှုမရှိပါဘူး။ နိုင်ငံတော်အကြီးအကဲတွေ သိစေလိုပါတယ်” လို့ ပြောပါတယ်။

 

လက်ရှိအချိန်၌ ကယားပြည်နယ်ရှိ မြို့နယ်အချို့၌ တပ်မတော်နှင့် ဒေသခံ PDF အဖွဲ့၏ တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေများလည်း တိုးတက်လျက်ရှိနေပါတယ်။

 

Photo – credit

 

#PeopleMedia #ကယားပြည်နယ် #ဘောလခဲမြို့ #လစာငွေ

 

(unicode)


………………………………………………………………………..

 


 


 


 


 


 

Photo – credit

 



Share this post