လူကုန်ကူးမှုနဲ့ဆက်နွယ်နေသော မလေးရှားနိုင်ငံသား ၆ ဦးနှင့် မြန်မာနိုင်ငံသား ၇၁ ဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး
PUBLISHED - September 27, 2019
မလေးရှားနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ဆက်နွယ်နေတဲ့ မလေးရှားနိုင်ငံသား ၆ ဦးနဲ့ မြန်မာနိုင်ငံသား ၇၁ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က ၂၅ ရက်နေ့အထိ မလေးရှားရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေမှုတွေမှာ အခုလို ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။
စုံစမ်းမှုတွေအရ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို လူကုန်ကူးခံရပြီး အဲဒီကတစ်ဆင့် တခြားနိုင်ငံတွေကို ထပ်မံ ပို့ဆောင်ခံရတယ်လို့ မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။
လူကုန်ကူးမှုရဲ့ အဓိက ခေါင်းဆောင်ဟာ အခုဖမ်းဆီးမိခဲ့သူတွေထဲက မလေးရှားနိုင်ငံသား တစ်ဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံသားတချို့မှာ ကုလရဲ့ဒုက္ခသည်အသိအမှတ်ပြုကတ်ပြား ကိုင် ဆောင်ထားတာတွေ့ရလို့ အံ့အားသင့်မိတယ်လို့လည်း မလေးရှားရဲတပ်ဖွဲ့ ကပြောပါတယ်။
မလေးရဲတပ်ဖွဲ့ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးစစ်ဆင်ရေးမှာ ထွက်ပြေးဖို့ကြိုးစားသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့လည်း သတင်းရရှိပါတယ်။
Ref; https://www.thestar.com.my